ဇာတ်လမ်းက ထူးထူးဆန်းဆန်းပါပဲ။ ဝေလနိုင်ငံ အဘာဟိုစန်မြို့ ၁ မြို့လုံးဟာ နေ့တိုင်း မနက် ၇ နာရီရောက်ပြီဆိုတာနဲ့ အင်တာနက် ပြတ်တောက်သွားပါတယ်။ ဒီလိုဖြစ်ခဲ့တာ ၁၈ လတောင်ကြာမြင့်ခဲ့ပြီး ဘာကြောင့်လဲဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး။ အခုတော့ လက်သည် ပေါ်သွားပါပြီ။ အဲဒါကတော့ TV အဟောင်း ၁ လုံး ဖြစ်ပါတယ်။

အင်တာနက်ကြိုးတွေကို အကြိမ်ကြိမ် လဲလှယ်ပြီးနောက်မှာလည်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာ Openreach ကုမ္ပဏီက ပညာရှင်တွေဟာ အဘာဟိုစန် မြို့နေ လူ ၁ ယောက်ရဲ့ TV အဟောင်း ၁ လုံးကြောင့်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဲဒီ TV က ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်း ၁ ခုကြောင့် ၁ မြို့လုံးရဲ့ အင်တာနက် ပြတ်တောက်နေတာပါ။

မနက်တိုင်း ၇ နာရီမှာ အင်တာနက်ပြတ်တောက်ရတာကတော့ အဲဒီ TV ကို အဲဒီအချိန်မှာ ပုံမှန်ဖွင့်လို့ ဖြစ်ပါတယ်။ ၁၈ လတောင် ဒီလို ဖြစ်ခဲ့တာကတော့ မြို့နေလူထုအတွက် စိတ်အနှောင့်အယှက် အရမ်းကို ဖြစ်စေခဲ့မှာ သေချာပါတယ်။ ပညာရှင်တွေဟာ Spectrum Analyzer လို့ခေါ်တဲ့ အထူး ကိရိယာ ၁ ခုကို အသုံးပြုပြီး အဲဒီ ပြဿနာ ဖြစ်စေတဲ့ Electrical Noise ကို ရှာဖွေနိုင်ခဲ့တာလို့ သိရပါတယ်။ Openreach က ပညာရှင်တွေက ပြင်ဆင်ပြီးနောက်မှာ ဒီပြဿနာ နောက်ထပ် မဖြစ်တော့ဘူးလို့ ပြောတဲ့အတွက် မြို့နေလူထု ဝမ်းသာခဲ့ကြရပါတယ်။

Openreach ရဲ့ အင်ဂျင်နီယာ ဌာနက အကြီးအကဲ Suzanne Rutherford က ဗြိတိန်နိုင်ငံရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီပြီး အသိအမှတ်ပြုလက်မှတ်ရထားတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို  အသုံးပြုဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။

Ref : tnw