Google ကနေ ပြီးခဲ့တဲ့လတုန်းက Android Version အသစ်ဖြစ်တဲ့ Android 11 ကို မိတ်ဆက်ခဲ့ပြီး Google Pixel အပါအဝင် တခြားသောစမတ်ဖုန်းတွေအတွက် Public Beta အနေနဲ့ ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ Android 11 Update ဟာ အမြင်ပိုင်းပြောင်းလဲမှုတွေထက် Notification ၊ Privacy နဲ့ Permission တွေအတွက်ပဲ ဦးစားပေးထားခဲ့တာလည်းဖြစ်ပါတယ်။

Android 11 ရဲ့ Notification နဲ့ သက်ဆိုင်တဲ့ပြောင်းလဲမှုတစ်ခုကတော့ Messaging App တွေအကုန်လုံးက ဝင်လာတဲ့ Notification တွေကို Facebook Messenger Chat Head ပုံစံမျိုးပြောင်းလဲနိုင်တဲ့ Bubbles Feature ပါဝင်လာတာဖြစ်ပါတယ်။ အဆိုပါ Feature ဟာ Messaging App တွေကဝင်လာတဲ့ Conversation တွေကို အလွယ်တကူ Reply ပြန်နိုင်စေမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Android 11 မှာမှပြောင်းလဲခဲ့တဲ့အတွက် အဆိုပါ Bubbles Feature ကို Support ပြုလုပ်တဲ့ App တွေနည်းပါးနေသေးပြီး လောလောဆယ်မှာလည်း Facebook Messenger နဲ့ တချို့သော App တွေပဲ Support ပြုလုပ်သေးတာဖြစ်ပါတယ်။ နောက်ဆုံးသိရှိရတဲ့သတင်းအရတော့ Google Messages App လည်း အခုအချိန်မှာ Bubbles Feature ကို Support ပေးနိုင်ပြီလို့ သိရပါတယ်။

အဆိုပါ Bubbles Feature ဟာ Message ဝင်ရောက်လာမယ်ဆိုရင် Notification Bar မှာ “Mark As Read” ၊ “Reply” နဲ့ တခြားသော Suggested Action တွေအပြင် Bubbles ကို အဖွင့်အပိတ်ပြုလုပ်နိုင်တဲ့ Icon တစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Bubbles အနေနဲ့ Reply ပြန်ချင်တဲ့ Conversation ကိုပဲ ဖွင့်ထားနိုင်ပြီး မလိုအပ်တဲ့အချိန်မှာလည်း အလွယ်တကူပြန်ပိတ်နိုင်မှာပါ။ ဒီအချက်ကတော့ Facebook Messenger Chat Head နဲ့ယှဥ်ရင် အားသာချက်တစ်ခုဖြစ်လာပါတယ်။

ဘာပဲဖြစ်ဖြစ် Google အနေနဲ့ Android 11 ကို Stable Update အနေနဲ့ မထုတ်ပေးခင်မှာ အသုံးများနေတဲ့ Messaging App တွေကို ယခု Bubbles Feature ကို Support ပြုလုပ်နိုင်ဖို့အတွက်ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။ Android 11 Stable Update ကိုတော့ လာမယ့် သြဂုတ်လဝန်းကျင်မှာ Google Pixel ဖုန်းတွေက အရင်ဆုံးရရှိမယ်လို့ယူဆရပါတယ်။

Ref – Phone Arena