Google ရဲ့ Autofill Password Feature ဟာ Google Chrome Browser နဲ့ Android ဖုန်းအသုံးပြုနေတဲ့သူတွေအတွက်ကတော့ မရှိမဖြစ် Feature တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ Social Media အပါအဝင် တခြားသော Website Login Information တွေကို မှတ်ထားနိုင်ပြီး အလိုအလျောက် Sign-in ပြုလုပ်ပေးတဲ့အတွက် အသုံးပြုနေခြင်းမရှိဘူးဆိုရင်လည်း စတင်အသုံးပြုသင့်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာလည်း Google ကနေ Autofill Password Feature အတွက် Update အသစ်တစ်ခုကို Android 11 နဲ့ အတူ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ လက်ရှိ Biometric Authentication နဲ့ Touch-to-fill System တွေအပြင် Keyboard Integration ပါ ရရှိလာတာပဲဖြစ်ပါတယ်။

အခုလိုမျိုး Keyboard မှာ Integrated ဖြစ်လာတဲ့အတွက် ကိုယ့် Account Login Information ကို ဖြည့်တော့မယ့်အချိန်မှာ Keyboard ရဲ့ အပေါ်ဆုံးမှာ Autofill Feature ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ Autofill Feature ဟာ Password တွေအပြင် Address တွေနဲ့ Credit Card Information ဖြည့်တဲ့နေရာမှာပါ အလုပ်လုပ်နိုင်မယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ Android 11 Beta ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ Gboard Keyboard မှာ အသုံးပြုနိုင်ပြီဖြစ်သလို တခြားသော Third-part Keyboard တွေနဲ့ Password Manager တွေအနေနဲ့လည်း မကြာခင်မှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့် စက်တင်ဘာလအတွင်းမှာ Android 11 ကို Stable Update ထွက်ရှိတဲ့အချိန်ကြရင်တော့ တခြားသော Application တွေမှာပါ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Android Central