Samsung ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကိုဦးဆောင်နေတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး၊ လူသုံးအများဆုံး အမှတ်တံဆိပ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ များပြားလွန်းတဲ့ ထုတ်ကုန်လိုင်းတွေအတွက် နောက်ဆုံးပေါ် Operating System ထည့်ပေးရာမှာတော့ အနည်းငယ်လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုနိုင်ပါတယ်။
Galaxy Tab A 10.1 (2019) ဟာ ဈေးကွက်ထဲကိုဝင်လာတုန်းက Android 9.0 Pie နဲ့ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Android 10 ကို ခုန်ကျော်ပြီး Android 11 ဆီသွားနေတာကို မြင်တွေ့ရပါတယ်။ ဒါဟာ တရားဝင်ခုန်ကျော်မှုတစ်ခုသာဖြစ်ပြီး ဈေးကွက်အချို့မှာ Early Update တွေ ထုတ်ပေးတော့မယ်လို့ သိရပါတယ်။
10.1-inch Galaxy Tab A 10.1 (2019) ဟာ အလယ်အလတ်တန်းစား Exynos 7904 processor နဲ့ 2GB of RAM ကို တွဲဖက်ထားတာပါ။ ဒါကြောင့် Flagship တွေရဲ့ ပြိုင်ဘက်လည်း မဟုတ်ပါဘူး။ Hardware ပိုင်းက Android 11 အတွက် သင့်တော်လွန်းတာမဟုတ်ပေမဲ့ Update တော့ ထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
အခုလိုအချိန်မျိုးမှာ Samsung အနေနဲ့ Galaxy Tab A 10.1 (2019) လိုမျိုးထုတ်ကုန်အတွက် အံ့သြစရာကြီးလုပ်ချလိုက်တာက ဈေးကွက်မြှင့်တင်ရေ:အတွက်လားလို့ တွေးမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တက်ဘလက်ဈေးကွက်မှာ ဒုတိယနေရာကိုဆက်ပြီးထိန်းထားနိုင်ဖို့အတွက် အားထုတ်မှုတစ်ခုဆိုတာတော့ သေချာပါတယ်။
SamMobile ရဲ့ဖော်ပြမှုအရ Android 11 ထုတ်ပေးမဲ့ဈေးကွက်တွေဟာ Austria, Argentina, Brazil, Bulgaria, Chile, Czech Republic, France, Germany, Greece, India, Iraq, Italy, Hungary, Luxembourg, Malaysia, Nordic countries, Poland, Slovakia, Slovenia, South Korea, Spain, Sri Lanka, Switzerland, Taiwan, Thailand, The Philippines, The UK, The Netherlands နဲ့ Vietnam ဖြစ်ကြောင်း သိရပါတယ်။
Ref: Phone Arena