Xiaomi ဟာ သူ့ရဲ့ စမတ်ဖုန်းတွေအတွက် Android 11 Beta Program ကို ပြုလုပ်ပေးနေပါတယ်။ ကမ္ဘာ့ တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာတဲ့ Xiaomi ဟာ Mi 10 , Mi 10 Pro , Redmi K30 Pro နဲ့ POCO F2 Pro အတွက် Android 11 အခြေပြု MIUI 12 Beta Build ကို အစောဆုံး ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းတွေဟာ Android 11 Stable Update ကို ရရှိသွားပါပြီ။

Xiaomi Mi 10 and Mi 10 Pro: Release date, specs and details

Mi 10 နဲ့ Mi 10 Pro ဟာ Xiaomi ရဲ့ ၂၀၂၀ ထုတ် စွမ်းရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ အဲဒီလိုပဲ Redmi K30 Pro ဟာလည်း Redmi ရဲ့ ဒီနှစ်ထုတ် စွမ်းရည်မြင့် ဖုန်း ဖြစ်ပြီး အဲဒီဖုန်းကို နိုင်ငံတကာမှာ POCO F2 နာမည်နဲ့ ရောင်းပေးထားပါတယ်။ အဲဒီအတွက်ကြောင့်လည်း အဲဒီဖုန်းတွေအတွက် Android 11 Stable Update ကို အစောဆုံး ထုတ်လုပ်ပေးလိုက်တာပါ။ အိန္ဒိယက Redmi Note 9 Pro အတွက်လည်း အဲဒီ Update ကို ရရှိနေပြီ ဖြစ်ပြီး နိုင်ငံတကာမှာ Redmi Note 9S နာမည်နဲ့ ရောင်းပေးထားတာပါ။

Xiaomi Mi 10 & Mi 10 Pro Are Official With LPDDR5 RAM & 108MP Cameras

Xiaomi ဟာ တရုတ်မှာ Mi 10 အတွက် Android 11 Stable ကို ဖြန့်ချိပေးခဲ့တာ ဖြစ်ပေမယ့် Mi 10 Pro နဲ့ Redmi K30 Pro အတွက်တော့ Stable Beta Phase ပဲ ရှိပါသေးတယ်။ အဲဒီဖုန်းတွေရဲ့ နိုင်ငံတကာ မော်ဒယ်တွေအတွက် Xiaomi ဟာ Mi 10 Pro Global Version အတွက်ပဲ ပြီးပါသေးတယ်။ တခြား နိုင်ငံတွေအတွက်တော့ Stable Beta Phase အဆင့်ပဲရှိပါသေးတယ်။

ရှင်းရှင်းပြောရရင်တော့ အဲဒီဖုန်းတွေအတွက် Official Android 11 Update ဟာ တစ်ကမ္ဘာလုံးအတွက် ရနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် User တချို့အတွက်ပဲ ရပါသေးတယ်။ အဲဒီ User တွေမှာ Bug ကြီးကြီးမားမား မတွေ့ရရင် လာမယ့် ရက်ပိုင်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမှာပါ။

Ref : gizmochina