Google ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Pixel Series စမတ်ဖုန်းတွေဟာ ၃ နှစ်ဆက်တိုက် Major Software Update ရရှိသလိုမျိုးပဲ အခု Pixel 2 Series တွေအတွက်လည်း Android 11 က နောက်ဆုံးရရှိမယ့် Major Update ဖြစ်လာမယ်ဆိုတာကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Pixel 2 Series ဖုန်းတွေဟာ Android 11 Beta 2.5 အထိ Update ရရှိထားပြီးဖြစ်ပြီး လာမယ့်စက်တင်ဘာလဝန်းကျင်မှာ မိတ်ဆက်သွားမယ့် Android 11 Stable Update ကိုလည်းရရှိဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်လာမယ့် ၂၀၂၁ မှာ မိတ်ဆက်သွားမယ့် Android 12 Update ကိုတော့ ရရှိနိုင်တော့မှာမဟုတ်ပါဘူး။

ဒီလိုမျိုး Android Major Update ကို ၃ နှစ်ဆက်တိုက်ရရှိတာက တခြားသော Android စမတ်ဖုန်းတွေနဲ့ယှဥ်ရင်တော့ Pixel Series ဖုန်းတွေရဲ့ အားသာချက်လို့ ပြောနိုင်ပေမယ့် Apple iPhone တွေလိုမျိုး ၅ နှစ်လောာက်အထိ Update ရရှိတာနဲ့ယှဥ်ရင်တော့ အားနည်းနေပါသေးတယ်။

Google Pixel 2 Series ဖုန်းတွေဟာ Android 8.0 Oreo နဲ့ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး Qualcomm Snapdragon 835 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့်ရက်ပိုင်းမှာ Pixel 4a ထွက်ရှိလာမယ့်အပြင် လာမယ့်နှစ်ကုန်ပိုင်းမှာလည်း Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေ မိတ်ဆက်သွားဖို့ရှိနေတဲ့အတွက် Pixel 2 Series ဖုန်းတွေသုံးနေတယ်ဆိုရင် Upgrade ပြုလုပ်သင့်ပြီလို့တောင်ပြောရမှာပါ။

Ref – Giz China