Unicode

The Unicode Consortium ကနေ Emoji Version 13.0 အကြောင်းကို အသေးစိတ်ရှင်းပြတဲ့ Blog Post တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ Emoji Version 13.0 မှာ Emoji အသစ် ၆၂ မျိုးပါဝင်လာမှာဖြစ်ပြီး အသားအရောင်နဲ့ လိင်ကွဲပြားမှု ၅၅ မျိုးအထိ အသစ်ထည့်သွင်းထားတာဖြစ်ပါတယ်။

အဆိုပါ Blog Post ထုတ်ပြန်အပြီးမှာ Google ကနေ Emoji အသစ်တွေကို လာမယ့် Android 11 မှာ အသုံးပြုနိုင်မယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ အဲ့ဒီအတွက် အခုပထမနှစ်ဝက်နောက်ပိုင်းမှာ ဒီ Emoji အသစ်တွေကို အသုံးပြုနိုင်တော့မှာပါ။

Emoji အသစ် ၆၂ မျိုးမှာ ထူးခြားပြီး လူသုံးများလာနိုင်တဲ့ Emoji တွေကတော့ Bubble Tea ၊ Pickup Truck ၊ Two People Hugging နဲ့ Smiling Face with Tear တွေပဲဖြစ်ပါတယ်။ ဒီ Emoji တွေအပြင် Transgender Flag ၊ Polar Bear ၊ Fondue ၊ Piñata လိုမျိုး အသစ်တွေလည်းပါဝင်လာမှာပါ။ Emoji ၆၂ မျိုးလုံးကို သိချင်တယ်ဆိုရင်တော့ ယခု Link မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Skin Tone ကိုလည်း ပိုပြီး ရွေးချယ်လာနိုင်တဲ့အတွက် ကိုယ်နဲ့ ပိုပြီး ကိုက်ညီတဲ့ အသားအရောင်နဲ့ Emoji ကိုအသုံးပြုနိုင်တော့မှာပါ။ Google အပြင် နောက်ပိုင်း Apple နဲ့ Microsoft တို့ကလည်း ဒီ Emoji Version 13.0 အသစ်ကို ထည့်သွင်းလာနိုင်ဖွယ်ရှိနေပါတယ်။

Ref – 9to5Google

Zawgyi

The Unicode Consortium ကေန Emoji Version 13.0 အေၾကာင္းကို အေသးစိတ္ရွင္းျပတဲ့ Blog Post တစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ Emoji Version 13.0 မွာ Emoji အသစ္ ၆၂ မ်ိဳးပါဝင္လာမွာျဖစ္ၿပီး အသားအေရာင္နဲ႔ လိင္ကြဲျပားမႈ ၅၅ မ်ိဳးအထိ အသစ္ထည့္သြင္းထားတာျဖစ္ပါတယ္။

အဆိုပါ Blog Post ထုတ္ျပန္အၿပီးမွာ Google ကေန အဆိုပါ Emoji အသစ္ေတြကို လာမယ့္ Android 11 မွာ အသုံးျပဳႏိုင္မယ္ဆိုၿပီး ေၾကညာလိုက္ပါတယ္။ အဲ့ဒီအတြက္ အခုပထမႏွစ္ဝက္ေနာက္ပိုင္းမွာ ဒီ Emoji အသစ္ေတြကို အသုံးျပဳႏိုင္ေတာ့မွာပါ။

Emoji အသစ္ ၆၂ မ်ိဳးမွာ ထူးျခားၿပီး လူသုံးမ်ားလာႏိုင္တဲ့ Emoji ေတြကေတာ့ Bubble Tea ၊ Pickup Truck ၊ Two People Hugging နဲ႔ Smiling Face with Tear ေတြပဲျဖစ္ပါတယ္။ ဒီ Emoji ေတြအျပင္ Transgender Flag ၊ Polar Bear ၊ Fondue ၊ Piñata လိုမ်ိဳး အသစ္ေတြလည္းပါဝင္လာမွာပါ။ Emoji ၆၂ မ်ိဳးလုံးကို သိခ်င္တယ္ဆိုရင္ေတာ့ ယခု Link မွာ ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ Skin Tone ကိုလည္း ပိုၿပီး ေ႐ြးခ်ယ္လာႏိုင္တဲ့အတြက္ ကိုယ္နဲ႔ ပိုၿပီး ကိုက္ညီတဲ့ အသားအေရာင္နဲ႔ Emoji ကိုအသုံးျပဳႏိုင္ေတာ့မွာပါ။ Google အျပင္ ေနာက္ပိုင္း Apple နဲ႔ Microsoft တို႔ကလည္း ဒီ Emoji Version 13.0 အသစ္ကို ထည့္သြင္းလာႏိုင္ဖြယ္ရွိေနပါတယ္။

Ref – 9to5Google