Google က Android 12 ကို တရားဝင် ကြေညာပြီးပြီဖြစ်ပြီး အခုတော့ သတင်းအချက်အလက် အသစ် တချို့ဟာ Official Android 12 Compatibility Definition (CDD) ကနေ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ Pixel User တွေအတွက် App Clone လုပ်ဆောင်ချက် အသစ် ပါလာမယ် ဆိုတာပါပဲ။ App Clone လုပ်ဆောင်ချက်ဆိုတာ ဖုန်း ၁ လုံးမှာ App ၁ ခုကို ၂ ခုခွဲခြား အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကိုယ်ရေးကိုယ်တာအတွက် Facebook Messenger ၁ ခုနဲ့ အလုပ်အတွက် Facebook Messenger ၁ ခုကို ဖုန်း ၁ လုံးထဲမှာ ခွဲခြား အသုံးပြုနိုင်ပါတယ်။

Android 12 ရဲ့ App Clone လုပ်ဆောင်ချက်ကို Mishaal Rahman ဆိုသူက တွေ့ရှိခဲ့တာ ဖြစ်ပြီး သူက “ ကျွန်တော် Android 12 CDD ကို သေချာ လေ့လာခဲ့ပြီး စိတ်ဝင်စားစရာ ၁ ခုတွေ့ခဲ့ရပါတယ်။ Android 12 မှာ “Clone” လို့ခေါ်တဲ့ Profile Type အသစ် ၁ ခု ထည့်သွင်းထားပုံရပါတယ်။ Android မှာ Work Profile ကို အသုံးပြုစရာ မလိုဘဲ App Cloning Support ပါလာတော့မယ်လို့ ထင်ပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

Android 12 now supports app clone profiles for some apps | Pocketnow

ဥပမာအနေနဲ့ လူတော်တော်များများမှာ Facebook နဲ့ Messenger အကောင့် ၁ ခုထက်ပို ရှိတတ်ကြပါတယ်။ အရင်တုန်းကတော့ အကောင့် ၁ ခုကနေ အခြား အကောင့် ၁ ခုကို ပြောင်းသုံးဖို့အတွက် Log Out/ Log In လုပ်ရတဲ့ အလုပ်ရှုပ်မှုတွေ ရှိပါတယ်။ နောက်ပိုင်းမှာ App Clone လုပ်ဆောင်ချက် ပါတဲ့ Third-party App တွေ ထွက်လာခဲ့သလို ဖုန်းထုတ်လုပ်သူတွေကလည်း သူတို့ရဲ့ ဖုန်းတွေမှာ အဲဒီ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးခဲ့ကြပါတယ်။  Android 12 မှာ App Clone လုပ်ဆောင်ချက် ပါလာမယ်ဆိုရင်တော့ Third-party App တွေကို အားကိုးစရာ မလိုတော့ပါဘူး။

Ref : gsmarena