Google က ပြီးခဲ့တဲ့လမှာ ပထမဆုံး Android 15 Developer Preview ကို ဖြန့်ချိခဲ့ပြီး အခုတော့ ဒုတိယ ဗားရှင်းကို ထုတ်ပေးလိုက်ပါတယ်။ ဧပြီလကျမှ Public Beta ကို ရနိုင်မှာပါ။

Android 15 DP2 arrives ahead of next month's open beta

Android 15 DP2 မှာ မိတ်ဆက်လိုက်တဲ့ အမိုက်ဆုံး လုပ်ဆောင်ချက်က Operating System Level နဲ့ ဂြိုလ်တု ဆက်သွယ်ရေးကို ထောက်ပံ့လာတာပါ။ Google က ဂြိုလ်တု ဆက်သွယ်ရေးအတွက် UI Element တချို့ကို ထည့်သွင်းပေးထားတယ်လို့ ပြောပါတယ်။

ဂြိုလ်တုနဲ့ ချိတ်ဆက်မိပြီဆိုတာကို App တွေက သိလာနိုင်ပြီ ဖြစ်ပြီး SMS/MMS App နဲ့ RCS App တွေဟာ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုကာ စာပို့နိုင်၊ စာလက်ခံနိုင်လာပါတယ်။

PDF ကြည့်တဲ့အခါ  တိုးတက်မှုတွေ ပါလာပြီး Developer တွေဟာ သူတို့ရဲ့ App တွေမှာ Password နဲ့ ကာကွယ်ထားတဲ့ PDF တွေကို ထောက်ပံ့လာနိုင်သလို PDF မှာ Search , Edit လုပ်နိုင်လာပါတယ်။ PDF ကို ကြည့်ရင် ပိုမိုမြန်လာသလို စွမ်းအင် သုံးစွဲမှု နည်းပါးလာပါတယ်။

Android 15 Developer Preview 2 brings support for satellite messaging

ဒါ့အပြင် ငွေပေးချေဖို့အတွက် NFC ကို အသုံးပြုရတာ ပိုကောင်းလာပြီး Audio Recognition အတွက် အလိုအလျှောက် ဘာသာစကား ပြောင်းပေးမှု ပိုကောင်းလာပါတယ်။ Developer တွေဟာ သူတို့ရဲ့ App တွေ Flip-style Foldable ရဲ့ အရွယ်သေး ကာဗာ Screen မှာ ပေါ်အောင် ပြုလုပ်နိုင်ပါတယ်။

Do Not Disturb Mode မှာ Customize ပိုမို လုပ်လာနိုင်ပြီ ဖြစ်ပြီး Display ကို Black and White ပြောင်းတာ၊ Night Mode ဖွင့်တာတို့ကို ပြုလုပ်လာနိုင်ပါတယ်။

Ref : gsmarena