GreenSmartphones ရဲ့ စစ်တမ်း အသစ်အရ iOS ထက် Android မှာ အသုံးပြုမှု ပြဿနာ နည်းပါးတယ်လို့ သိရပါတယ်။ သဘောက iOS ထက် Android သုံးရတာ ပိုမိုလွယ်ကူပါတယ်။ စစ်တမ်းက Screen Recording , Screenshots နဲ့ Location Sharing တို့လို အခြေခံ အလုပ်တွေကို Android နဲ့ iOS User တွေက Search Engine မှာ ရှာဖွေထားတဲ့ ဒေတာတွေကို ကောက်ယူထားတာပါ။

Android

အမေရိကန်က iPhone User တွေဟာ အခြေခံ ဖန်ရှင်တွေကို ၁ လကို ၃၅၈,၀၀၀ လောက် ရှာဖွေကြပြီး Android User တွေထက် ၅၈ ရာခိုင်နှုန်း ပိုများပါတယ်။ စစ်တမ်းက အလုပ် ၁၂ ခုကို နှိုင်းယှဉ်ထားပြီး Android က iOS ထက် ၁၂ ခုမှာ ၁၀ ခု ပိုအသာရနေကာ Android User တွေ ရှာဖွေမှု ပိုနည်းနေပါတယ်။ Screenshot ရိုက်တာနဲ့ QR Code ကို စကင်ဖတ်တာတို့လို အပိုင်းတွေမှာပဲ iOS က Android ထက် ပိုသာနေပြီး iOS က အသုံးပြုရတာ ပိုလွယ်ကူနေပါတယ်။

Android vs iOS usability

ပျမ်းမျှအားဖြင့် Android User တွေဟာ ၁ လကို ၂၂၆,၀၀၀ နဲ့ iOS User တွေက ၃၅၈,၀၀၀ ရှာဖွေကြပြီး ၅၈.၄၁ ရာခိုင်နှုန်း ကွာခြားနေပါတယ်။

Android နဲ့ iOS တို့ဟာ နှစ်ပေါင်းများစွာ ပြိုင်ဆိုင်မှုပြင်းထန်နေကြတာ ဖြစ်ပါတယ်။ Android က Flexibility နဲ့ Customization အပိုင်းမှာ ပိုကောင်းပြီး iOS က လျှင်မြန်မှုနဲ့ ကာလရှည်ကြာ Security Update ရတဲ့ အပိုင်းမှာ ပိုကောင်းပါတယ်။ အခုတော့ အသုံးပြုရလွယ်ကူတဲ့ အပိုင်းမှာ Android က iOS ထက် ပိုအသာရသွားပါတယ်။

Ref : gizmochina