Unicode

Google ဟာ သူတို့ရဲ့ နောက်ထွက်မယ့် မိုဘိုင်း OS ဗားရှင်းအသစ်နဲ့ ပတ်သက်ပြီး ဘာသံမှ မထွက်သေးပေမယ့် Geekbench ပေါ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် Android R ဆိုတဲ့ အမည်ကို တွေ့မြင်လာခဲ့ရပါပြီ။ ဒီ OS အသစ်ရဲ့ အမည်ကို Google Pixel 4 ဖုန်းပေါ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး အတည်မပြုနိုင်သေးပေမယ့် ဒါဟာ Android R အမည်ကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်ပါတယ်။

Geekbench ပေါ်က စာရင်းကိုကြည့်ရင်လည်း ဆက်ပြီးမှန်းဆနိုင်လောက်အောင် ဘာမှ မထောက်ပံ့ထားတာ တွေ့ရမှာပါ။ သူ့ရဲ့ Benchmark ရလဒ်တွေကလည်း Snapdragon 855 ချစ်ပ်ဆက်နဲ့ Google Pixel 4 အတွက် ရှိသင့်တဲ့ ပမာဏလောက်မှာပဲ ရှိနေပါတယ်။ 6GB RAM ပါဝင်မယ်ဆိုတာကိုလည်း ထပ်မံအတည်ပြုနိုင်ခဲ့ပေမယ့် အချက်အလက်တွေက ဒီလောက်ပဲ ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးအကြိမ်အဖြစ် Android System အသစ်အကြောင်း ကြားခဲ့ရစဉ်က Video Capture နည်းပညာသစ် တစ်ခုအတွက်ဖြစ်ပြီး Android 11 OS လို့ သုံးစွဲခဲ့ကြပါတယ်။ လက်ရှိမှာလည်း နောက်ဆုံးပေါ် Android OS ကို ပုံမှန် အမည်ပေးနေကြအတိုင်း Android Q အစား Android 10 လို့ခေါ်တွင်စေခဲ့ကြတာကြောင့် ဒီနာမည်ဟာလည်း ဖြစ်နိုင်တယ်လို့ လက်ခံခဲ့ကြရတာပါ။

Google Pixel 4a နဲ့ Pixel 4A XL ဆိုတဲ့ အမည်တွေကို အခုတလော ကြားရတာ စိတ်လာပြီး သူတို့ကို တကယ်တမ်း မြင်တွေ့လာရမယ့် အချိန်မှာ မျိုးဆက်သစ် Android OS နဲ့ပတ်သက်ပြီး တစ်ခုခုကြားရနိုင်ခြေရှိတယ်လို့ ယူဆထားနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

Google ဟာ သူတုိ႔ရဲ႕ ေနာက္ထြက္မယ့္ မုိဘုိင္း OS ဗားရွင္းအသစ္နဲ႔ ပတ္သက္ၿပီး ဘာသံမွ မထြက္ေသးေပမယ့္ Geekbench ေပၚမွာေတာ့ ပထမဆုံးအႀကိမ္အျဖစ္ Android R ဆုိတဲ့ အမည္ကို ေတြ႕ျမင္လာခဲ့ရပါၿပီ။ ဒီ OS အသစ္ရဲ႕ အမည္ကို Google Pixel 4 ဖုန္းေပၚမွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး အတည္မျပဳႏုိင္ေသးေပမယ့္ ဒါဟာ Android R အမည္ကို ပထမဆုံးျမင္ဖူးျခင္း ျဖစ္ပါတယ္။

Geekbench ေပၚက စာရင္းကိုၾကည့္ရင္လည္း ဆက္ၿပီးမွန္းဆႏုိင္ေလာက္ေအာင္ ဘာမွ မေထာက္ပံ့ထားတာ ေတြ႕ရမွာပါ။ သူ႕ရဲ႕ Benchmark ရလဒ္ေတြကလည္း Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ Google Pixel 4 အတြက္ ရွိသင့္တဲ့ ပမာဏေလာက္မွာပဲ ရွိေနပါတယ္။ 6GB RAM ပါဝင္မယ္ဆုိတာကိုလည္း ထပ္မံအတည္ျပဳႏုိင္ခဲ့ေပမယ့္ အခ်က္အလက္ေတြက ဒီေလာက္ပဲ ပါဝင္ခဲ့ပါတယ္။

ေနာက္ဆုံးအႀကိမ္အျဖစ္ Android System အသစ္အေၾကာင္း ၾကားခဲ့ရစဥ္က Video Capture နည္းပညာသစ္ တစ္ခုအတြက္ျဖစ္ၿပီး Android 11 OS လို႔ သုံးစြဲခဲ့ၾကပါတယ္။ လက္ရွိမွာလည္း ေနာက္ဆုံးေပၚ Android OS ကို ပုံမွန္ အမည္ေပးေနၾကအတုိင္း Android Q အစား Android 10 လို႔ေခၚတြင္ေစခဲ့ၾကတာေၾကာင့္ ဒီနာမည္ဟာလည္း ျဖစ္ႏုိင္တယ္လို႔ လက္ခံခဲ့ၾကရတာပါ။

Google Pixel 4a နဲ႔ Pixel 4A XL ဆုိတဲ့ အမည္ေတြကို အခုတေလာ ၾကားရတာ စိတ္လာၿပီး သူတုိ႔ကို တကယ္တမ္း ျမင္ေတြ႕လာရမယ့္ အခ်ိန္မွာ မ်ဳိးဆက္သစ္ Android OS နဲ႔ပတ္သက္ၿပီး တစ္ခုခုၾကားရႏုိင္ေျခရွိတယ္လို႔ ယူဆထားႏုိင္ပါတယ္။

Ref – GSM Arena