Anker ဟာ အခုနောက်ပိုင်းမှာ Power Bank နဲ့ Charging ပိုင်းတွေအပြင် Audio ပိုင်းမှာပါ တဖြည်းဖြည်း နာမည်ရရှိလာပြီဖြစ်ပါတယ်။ အခုလည်း အဆင့်မြှင့်တင်မှုတွေအများအပြားနဲ့ Soundcore Liberty 3 Pro TWS Earbuds တွေကို မိတ်ဆက်လိုက်ပါပြီ။

အခု Anker Soundcore Liberty 3 Pro မှာ ပါဝင်လာတဲ့ အဓိက Feature ကတော့ Active Noise Cancellation (ANC) ပဲဖြစ်ပြီး Microphone ၆ ခုအထိ ထည့်သွင်းပေးထားတာကြောင့် ပြင်ပအသံကို အကောင်းဆုံးလျော့ချပေးမှာဖြစ်ပါတယ်။ HearID နည်းပညာပါဝင်တာကြောင့် ကိုယ့်စိတ်ကြိုက်လည်းချိန်ညှိနိုင်မှာဖြစ်သလို Transparency Mode ၃ မျိုးလည်း ပါဝင်မှာဖြစ်ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ လက်ရှိ Sony WF-1000XM4 နဲ့ တခြားသော Earbuds အချို့မှာပဲ တွေ့ရသေးတဲ့ Hi-Res Audio Codec ဖြစ်တဲ့ LDAC ကို Support ပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Bluetooth ကနေ ဖြစ်ပေမယ့် အရည်အသွေးမြင့်မားတဲ့အသံတွေကို ကြားရမှာပါ။

တခြားသော Feature တွေအနေနဲ့ Multi-point Connectivity ကို ထောက်ပံ့ထားသလို ဖုန်းပြောဆိုမှုတွေအတွက် AI-based Noise Reduction နည်းပညာကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ IPX4 Support ပေးတာကြောင့် မိုးရွာတဲ့အချိန်တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Battery ပိုင်းမှာတော့ Earbuds အနေနဲ့ပဲ အသုံးပြုမယ်ဆိုရင် ၈ နာရီအသုံးခံမှာဖြစ်ပြီး Charging Case နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ ၃၂ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Charging ပိုင်းအနေနဲ့ USB-C အပြင် Wireless Charging ကိုပါ Support ပြုလုပ်ထားပါသေးတယ်။

Anker Soundcore Liberty 3 Pro ဟာ စျေးနှုန်းအနေနဲ့ $150 ဝန်းကျင်နဲ့ရောင်းချသွားမှာဖြစ်ပြီး ပေးရတဲ့စျေးနဲ့ယှဥ်မယ်ဆိုရင် တော်တော်လေးကို စွမ်းဆောင်ရည်ကောင်းနေတယ်လို့ ပြောရမှာပါ။

Ref – GSM Arena