OnePlus ဟာ လာမယ့် မတ်လအတွင်းမှာ OnePlus 9 Series ဖုန်းတွေကို မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါ OnePlus 9 Series ဖုန်းတွေထဲက OnePlus 9 နဲ့ OnePlus 9 Pro ဖုန်းတွေဟာ Qualcomm Snapdragon 888 Chipset အပြင် Camera ပိုင်းကိုလည်း အဆင့်မြှင့်တင်မှုတွေပြုလုပ်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ OnePlus ဟာ နောက်ထပ် OnePlus 9 Series ဖုန်းတစ်လုံးကိုပါ China နဲ့ India စျေးကွက်တွေအတွက် မိတ်ဆက်ဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါကတော့ OnePlus 9 Lite စမတ်ဖုန်းဖြစ်ပြီး Snapdragon 888 Chipset အစား မနှစ်တုန်းက Snapdragon 865 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း OnePlus ကနေ OnePlus Z နာမည်နဲ့ Mid Range ဖုန်းတစ်လုံးမိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပြီး အဆိုပါ ဖုန်းက တရားဝင်မိတ်ဆက်တဲ့အချိန်မှာ OnePlus Nord နာမည်နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနှစ်မှာ OnePlus 9 Lite လို့ ပြောင်းလဲမိတ်ဆက်မယ်ဆိုရင် OnePlus Nord Series ဖုန်းအသစ်မိတ်ဆက်လာဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆရပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ OnePlus 9 Lite ဖုန်းမှာ AMOLED Display ကိုမှ 90Hz Refresh Rate အနည်းဆုံးပါဝင်မှာဖြစ်ပြီး Fast Charging အနေနဲ့လည်း 30W ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် တခြား OnePlus 9 Series ဖုန်းတွေလိုမျိုး Wireless Charging နဲ့ IP Rating တွေတော့ ပါဝင်မှာမဟုတ်ပါဘူး။

OnePlus ကုမ္ပဏီဟာ ယခင်တုန်းက Flagship Killer စမတ်ဖုန်းတွေကိုပဲ ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က စတင်ပြီး Mid Range စျေးကွက်ကိုပါ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OnePlus Fitness Band နဲ့ OnePlus Smartwatch ကိုပါ ယခုနှစ်အတွင်း မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။

Ref – Gizmo China