ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်မှာ မိသားစု ၁ ခုက အရပ် ၁၀ ပေလောက်ရှည်ပြီး တောက်ပတဲ့ မျက်လုံးကြီးတွေ ပါတဲ့ ဂြိုလ်သားတွေကို အိမ်နောက်ဖေးမှာ တွေ့ခဲ့ရတယ်လို့ ပြောကြားပြီးနောက် အခုတော့ လတ်စ်ဗီးဂတ်စ်က ကောင်းကင်မှာ UFO ကို တွေ့လာရပါတယ်။

လတ်စ်ဗီးဂတ်စ် ကောင်းကင်မှာ မီးအလင်းတန်း ၂ ခုကို တွေ့ရပြီး တစ်ခုနဲ့ တစ်ခု နီးကပ်စွာ ပျံသန်းနေတဲ့ ဗီဒီယိုကို လူမှုကွန်ရက်မှာ တင်ထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့ ည ၁၀ နာရီခွဲက လတ်စ်ဗီးဂတ်စ်မှာ အဲဒီဗီဒီယိုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီ UFO တွေဟာ ကောင်းကင်မှာ မိနစ် ၂၀ လောက် ပျံသန်းနေတာလို့ ဗီဒီယိုကို ရိုက်ကူးထားတဲ့လူက ပြောပါတယ်။

နောက်ထပ် ဒေသခံ တစ်ယောက်ကလည်း ကောင်းကင်က အလင်းရောင် အဝိုင်း ၂ ခုရဲ့ ဓါတ်ပုံ ၁ ပုံကို အွန်လိုင်းမှာ တင်ခဲ့ပါတယ်။

Two beams of light can be seen in the Las Vegas sky, hovering next to one another in the new clip that was posted on social media

အွန်လိုင်းမှာ လူတစ်ချို့က အဲဒါဟာ Venus ဂြိုလ် ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြပါတယ်။ တချို့ကတော့ အဲဒါဟာ UFO မဟုတ်ဘဲ တခြား အရာ ဖြစ်မယ်လို့ ပြောကြပါတယ်။

သိပ်မကြာခင်ကပဲ UFO ကို လေကြောင်းပြပွဲ တစ်ခုမှာ တွေ့ခဲ့ရပြီး သက်သေခံ ဓါတ်ပုံတွေကို တွေ့ခဲ့ကြရပါတယ်။ အခုတော့ နောက်ထပ် UFO တွေကို ထပ်မံတွေ့ရှိလာရတာ ဖြစ်ပါတယ်။

Ref: dailymail