ယူကရိန်း အပေါ် ကျူးကျော်တာကို တုန့်ပြန်တဲ့ အနေနဲ့ အင်တာနက် ကျောရိုး ထောက်ပံ့တဲ့ အမေရိကန် ကုမ္ပဏီ Lumen ဟာ ရုရှားမှာ ဝန်ဆောင်မှု ရပ်နားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အလားတူ ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ Cogent က ရုရှားမှာ အင်တာနက် ဝန်ဆောင်မှု ရပ်နားလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီအတွက် ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ဒစ်ဂျစ်တယ် စစ်ပွဲက ပိုပြီး အရှိန်မြင့်လာပါပြီ။

Is Russia really about to cut itself off from the internet? And what can we expect if it does?

Lumen က “ ရုရှားမှာ မတည်ငြိမ်မှုတွေနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အင်တာနက် ဝန်ဆောင်မှုကို ရပ်နားလိုက်တာပါ။ ကုမ္ပဏီနဲ့ ဖောက်သည်တွေရဲ့ ကွန်ရက်တွေ ဘေးကင်းလုံခြုံစေဖို့အတွက် အခုလို ဆုံးဖြတ်လိုက်တာပါ။ “ လို့ ပြောပါတယ်။

2022 - A clear answer from ICANN to Ukraine's call to "cut Russia's internet"! - News Text Area

Lumen က ရုရှားမှာ တစ်သီးပုဂ္ဂလ ဖောက်သည်တွေ မရှိဘဲ စီးပွားရေး လုပ်ငန်း အနည်းငယ်ကိုပဲ ဝန်ဆောင်မှုပေးနေတာလို့ ဖာထေးကာ ပြောပေမယ့် ကွန်ရက် ခွဲခြမ်းစိတ်ဖြာတဲ့ အဖွဲ့အစည်း Kentik က “ Lumen ဟာ ရုရှားကို အဓိက ဝန်ဆောင်မှုပေးနေတာ ဖြစ်ပြီး ဖောက်သည်တွေထဲမှာ နိုင်ငံရဲ့ အကြီးမားဆုံး Telecom ကုမ္ပဏီ Rostelecom ၊ နာမည်ကြီး Broadband ထောက်ပံ့တဲ့ TransTelecom နဲ့ မိုဘိုင်း အော်ပရေတာကြီး ၃ ခု ဖြစ်တဲ့ MTS, Megafon နဲ့ VEON တို့ ပါဝင်ပါတယ်။ “ လို့ ပြောပါတယ်။

Lumen ရဲ့ ရုရှားက ဖောက်သည်တွေဟာ တခြား ကုမ္ပဏီတွေကနေ ဝန်ဆောင်မှု ပြောင်းလဲ ရယူနိုင်ပေမယ့် ပထမ Cogent နဲ့ အခု Lumen တို့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ရုရှားမှာ အင်တာနက်လိုင်းတွေ မတည်မငြိမ် ဖြစ်သွားနိုင်ပါတယ်။ Kentik ရဲ့ ဒါရိုက်တာ Doug Madory က Lumen ကြောင့် သိသိသာသာ အထိနာမယ်လို့ ဝေဖန် သုံးသပ်ပါတယ်။

Ref : theverge