Antutu Benckmark App ဟာ Android ဖုန်းတွေအတွက် စွမ်းဆောင်ရည်တိုင်းတာတဲ့နေရာမှာ လူကြိုက်အများဆုံး App လည်းဖြစ်ပါတယ်။ ဒါပေမယ့် Google ကတော့ အဆိုပါ Antutu App တွေအကုန်လုံးကို Play Store ကနေ ဖြုတ်ချလိုက်ပါပြီ။

ဒီလိုမျိုး Play Store ကနေ ဖြုတ်ချခံလိုက်ရတဲ့ App တွေထဲမှာ Antutu Benchmark App အပြင် Antutu 3D Bench ၊ AITUTU Benchmark App တွေပါ ပါဝင်ခဲ့ပြီး ဘာအတွက်ကြောင့်လဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်တာက အဆိုပါ Antutu App တွေကို ပိုင်ဆိုင်တဲ့ Cheetah Mobile ကုမ္ပဏီက Play Store ရဲ့ Policy တွေကို ချိုးဖောက်ခဲ့တာကြောင့်ဖြစ်နိုင်ခြေများနေပါတယ်။

ဘာကြောင့်လဲဆိုရင် အဆိုပါ Cheetah Mobile နာမည်နဲ့ Chinese App Development ကုမ္ပဏီဟာ ယခင်ထဲကတည်းက ကြော်ငြာအလွဲသုံးစားပြုလုပ်တာနဲ့ Privacy နဲ့သက်ဆိုင်တဲ့ Policy တွေကို ချိုးဖောက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် Play Store ကနေ Ban ခံထားရပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် Cheetah Mobile ရဲ့ တခြားသော App တွေကလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက Play Store ကနေ ဖြုတ်ချခံခဲ့ရပါတယ်။

အခုလည်း Antutu ဟာ Cheetah Mobile ကနေ ပိုင်ဆိုင်တာဖြစ်တဲ့အတွက် ဒီလိုမျိုး ဖြုတ်ချခဲ့ရတာဖြစ်နိုင်ပြီး လောလောဆယ်မှာတော့ Antutu Website မှာ App Download ပြုလုပ်ဖို့အတွက် Play Store အစား APK File ကိုပဲ တိုက်ရိုက် Download ပြုလုပ်ရတော့မှာပါ။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုးဖြစ်ပွားတာက Antutu Benchmark တွေအပေါ်ပါ ဆက်လက်ယုံကြည်နိုင်ရမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Ref – Giz China