စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်စစ်ဆေးတဲ့ AnTuTu ရဲ့ ဖေဖော်ဝါရီလအတွက် စာရင်းထွက်လာပြီ ဖြစ်ပြီး အကောင်းဆုံး Flagship Killer ဖုန်းတွေကို ဖော်ပြထားပါတယ်။

အဲဒီစာရင်းမှာ Redmi K70E ဟာ အကောင်းဆုံး ဖြစ်နေပြီး အဲဒီဖုန်းဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလရဲ့ အကောင်းဆုံး Flagship Killer ၁၀ လုံးနဲ့ ရမှတ်တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
- Redmi K70E
- Score: 1,405,360
 - Configuration: 16GB RAM + 1TB Storage
 
 - realme GT Neo 5 SE
- Score: 1,155,230
 - Configuration: 16GB RAM + 1TB Storage
 
 - Redmi Note 12 Turbo
- Score: 1,138,654
 - Configuration: 16GB RAM + 1TB Storage
 
 - OPPO Reno11 5G
- Score: 1,004,001
 - Configuration: 12GB RAM + 512GB Storage
 
 - iQOO Z8
- Score: 954,705
 - Configuration: 12GB RAM + 512GB Storage
 
 - iQOO Neo7 SE
- Score: 952,739
 - Configuration: 12GB RAM + 512GB Storage
 
 - Redmi Note 12T Pro
- Score: 892,823
 - Configuration: 12GB RAM + 512GB Storage
 
 - OnePlus Ace Racing Edition
- Score: 885,960
 - Configuration: 12GB RAM + 256GB Storage
 
 - Redmi K60E
- Score: 879,974
 - Configuration: 12GB RAM + 512GB Storage
 
 - realme GT Neo 3
- Score: 867,224
 - Configuration: 12GB RAM + 256GB Storage
 
 
အရင်လက အဆင့်သတ်မှတ်ချက်အတိုင်း မပြောင်းလဲဘဲ ထွက်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်းမှာ စွမ်းရည်သင့် ဖုန်း အသစ်တွေ မထွက်လာတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။ မကြာခင်မှာတော့ အဲဒီစာရင်းမှာ ယှဉ်ပြိုင်မယ့် Xiaomi CIVI 4 ထွက်လာတော့မယ်လို့ သတင်းထွက်နေပါတယ်။
Ref : gizmochina