AnTuTu က မေလရဲ့ စွမ်းရည် အမြင့်ဆုံး Flagship Killer စမတ်ဖုန်း ၁၀ လုံးစာရင်းကို ကြေညာလိုက်ပါတယ်။ Snapdragon 8s Gen 3 ပါတဲ့ Redmi Turbo 3 နဲ့ iQOO Z9 Turbo တို့ ဒီစာရင်းမှာ ပါလာမယ်လို့ ထင်ခဲ့ပေမယ့် မဖြစ်လာပါဘူး။
အဲဒီ ဖုန်း ၁၀ လုံးကို အောက်မှာ လေ့လာနိုင်ပါတယ်။
- OnePlus Ace 3V (Qualcomm Snapdragon 7+ Gen 3, 12GB+512GB) – 1,437,896
- Realme GT Neo6 SE (Qualcomm Snapdragon 7+ Gen 3, 12GB+256GB) – 1,381,173
- Redmi K70E (MediaTek Dimensity 8300-Ultra, 16GB+1024GB) – 1,374,018
- Realme GT Neo5 SE (Qualcomm Snapdragon 7+ Gen 2, 16GB+1024GB) – 1,145,169
- Redmi Note 12 Turbo (Qualcomm Snapdragon 7+ Gen 2, 16GB+1024GB) – 1,135,640
- OPPO Reno11 5G (MediaTek Dimensity 8200, 12GB+512GB) – 991,681
- iQOO Z8 – (MediaTek Dimensity 8200, 12GB+512GB) – 974,348
- iQOO Neo7 SE (MediaTek Dimensity 8200, 12GB+512GB) – 970,512
- OPPO K12 5G (Qualcomm Snapdragon 7 Gen 3, 12GB+512GB) – 902,382
- Redmi Note 12T Pro (MediaTek Dimensity 8200-Ultra, 12GB+512GB) – 886,865
OnePlus Ace 3V ဟာ ၃ လဆက်တိုက် နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး သူ့နောက်မှာ realme GT Neo 6 SE နဲ့ Redmi K70E ရှိနေပါတယ်။ realme GT Neo 5 SE နဲ့ Redmi Note 12 Turbo တို့ဟာ အကောင်းဆုံး ၅ လုံး စာရင်းထဲ ပါလာပါတယ်။ ဒီစာရင်းမှာ အသစ်ပါလာတဲ့ ဖုန်းက OPPO K12 5G ဖြစ်ပြီး နံပါတ် ၉ နေရာ ရထားပါတယ်။
Ref : gizmochina