AnTuTu က ဇူလိုင်လရဲ့ စွမ်းရည် အမြင့်ဆုံး Android ဖုန်းစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဇူလိုင်လမှာ Snapdragon 8+ Gen 1 Chip ပါတဲ့ စမတ်ဖုန်း အသစ်တွေ ထွက်ပေါ်လာပါတယ်။

AnTuTu

ဇူလိုင်လရဲ့ စွမ်းရည် အမြင့်ဆုံး Android ဖုန်း စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက Asus ROG Phone 6 Pro ဖြစ်ပြီး ၁,၁၁၄,၆၄၇ မှတ်ရထားပါတယ်။ အဲဒီဖုန်းမှာ Snapdragon 8+ Gen 1 Chip နဲ့ 18GB RAM ထည့်သွင်းထားပါတယ်။ နံပါတ် ၂ နေရာကိုလည်း Asus ကပဲ သိမ်းပိုက်ထားပြီး Zenfone 9 ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ ၅.၉ လက်မ မျက်နှာပြင်ပါတဲ့ အရွယ်အစား ကျစ်လစ်တဲ့ ဖုန်း ဖြစ်ပါတယ်။

The Asus ROG Phone 6 Pro packs in 18GB RAM and Qualcomm's most powerful processor - TalkAndroid.com

နံပါတ် ၃ နေရာကို Red Magic 7 က ရရှိထားပြီး ဖေဖော်ဝါရီလတုန်းက အဲဒီဖုန်းဟာ AnTuTu ရဲ့ စာရင်းမှာ နံပါတ် ၁ နေရာကို ရခဲ့တာပါ။ အခုတော့ Snapdragon 8+ Gen 1 Chip အသစ် ထွက်လာတာကြောင့် နန်းကျသွားတာပါ။ နံပါတ် ၄ နေရာမှာ Black Shark 5 Pro ရှိနေပြီး ဇွန်လတုန်းက အဲဒီဖုန်းဟာ နံပါတ် ၁ နေရာကို ရခဲ့တာပါ။

ဇူလိုင်လရဲ့ စွမ်းရည် အမြင့်ဆုံး Android ဖုန်း ၁၀ လုံးစာရင်းမှာ Vivo X80, Motorola Edge 30 Pro , Vivo X80 Pro , Xiaomi 12 Pro , Poco F4 GT တို့ ပါဝင်နေပါတယ်။

AnTuTu က ဈေးကွက်ထဲမှာ ရောင်းချထားတဲ့ စမတ်ဖုန်း အားလုံးကို ထည့်သွင်း စမ်းသပ်ထားတာ မဟုတ်ပါဘူး။ ဥပမာ အနေနဲ့ မကြာခင်က ထွက်ခဲ့တဲ့ Xiaomi 12S, 12S Pro နဲ့ 12S Ultra တို့ မပါလာပါဘူး။

Ref : gizchina