AnTuTu က နိုဝင်ဘာလအတွက် စွမ်းရည် အမြင့်ဆုံး Android စမတ်ဖုန်း စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီး Snapdragon 888+ Chipset ပါတဲ့ စမတ်ဖုန်းတွေ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ Snapdragon 888 Chipset ထည့်ထားတဲ့ စမတ်ဖုန်း တချို့လည်း စာရင်းမှာ ပါဝင်နေပြီး နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း စမ်းသပ်စစ်ဆေးထားတာ ဖြစ်ပါတယ်။

AnTuTu's Android ranking is out for November - SD888+ rules

Xiaomi Black Shark 4 Pro ဟာ ၂ လဆက်တိုက် နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာတွေ့ရှိပါတယ်။ အဲဒီနောက်က ၆ နေရာဟာလည်း အောက်တိုဘာလကအတိုင်း မပြောင်းလဲဘဲ ရှိနေပါတယ်။ အဲဒီ စမတ်ဖုန်းတွေက  SD888+ ZTE nubia Red Magic 6S Pro, vivo iQOO 8 Pro,  SD888 Xiaomi Black Shark 4 Pro,  SD888+ vivo X70 Pro+, Asus Rog Phone 5s နဲ့ SD888 vivo iQOO 8 တို့ ဖြစ်ကြပါတယ်။

AnTuTu's Android ranking is out for November - SD888+ rules

စွမ်းရည်သင့် Android စမတ်ဖုန်းစာရင်းမှာ vivo iQOO Z5 နဲ့ Oppo K9s တို့လို Snapdragon 778G Chipset ပါတဲ့ စမတ်ဖုန်းတွေက ဦးဆောင်နေပြီး နံပါတ် ၃ နေရာကို SD780G Mi 11 Lite 5G က ရရှိထားပါတယ်။

AnTuTu ရဲ့ ဒီဇင်ဘာလ စာရင်းမှာ Snapdragon 8 Gen1 Platform ပါတဲ့ ဘယ်လို စမတ်ဖုန်းတွေ ဝင်ရောက်လာမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena