AnTuTu က လစဉ်လတိုင်း စွမ်းရည်အမြင့်ဆုံး Android ဖုန်း စာရင်းကို ထုတ်ပြန်လေ့ရှိပြီး အခုတော့ စက်တင်ဘာလအတွက် စာရင်းကို ကြေညာလိုက်ပါတယ်။ ဩဂုတ်လမှာ စွမ်းရည်အမြင့်ဆုံး Android ဖုန်း စာရင်းမှာ နံပါတ် ၁ ရခဲ့တဲ့ OnePlus Ace 2 Pro ဟာ စက်တင်ဘာလမှာလည်း နံပါတ် ၁ နေရာကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

Antutu september flagship ranking

Snapdragon 8 Gen 2 Chip ပါတဲ့ OnePlus Ace 2 Pro ဟာ AnTuTu မှာ အမှတ် ၁.၆၆ သန်း ရသွားပါတယ်။ အဲဒီဖုန်းမှာ များပြားတဲ့ 24GB RAM နဲ့ 1TB Storage ထည့်သွင်းထားပါတယ်။

OnePlus China ရဲ့ ဥက္ကဌ Li Jie က OnePlus Ace 2 Pro ဟာ Price/Performance Ratio အပိုင်းမှာ ပြိုင်ဖက် အားလုံးထက်သာလွန်တယ်လို့ ပြောပါတယ်။ သူက ဈေးအချိုဆုံး စွမ်းရည်မြင့် ဖုန်းလို့ ညွှန်းဆိုပါတယ်။ OnePlus Ace 2 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၄၁၀ ဒေါ်လာကစပြီး 24GB+1TB မော်ဒယ်ဟာ ၅၅၀ ဒေါ်လာ ဖြစ်ပါတယ်။

OnePlus Ace 2 Pro Review - GSMChina

စက်တင်ဘာလအတွက် စွမ်းရည် အမြင့်ဆုံး ဖုန်း စာရင်းမှာ ပါတဲ့ ဖုန်း အများစုမှာ Snapdragon 8 Gen 2 ထည့်သွင်းထားတာပါ။ နံပါတ် ၁၀ မှာ ရှိတဲ့ iQOO Neo8 Pro ၁ လုံးထဲမှာပဲ MediaTek Dimensity 9200+ ပါလာတာပါ။

အခု စာရင်းမှာ ပါတဲ့ တခြား ဖုန်းတွေကို အစဉ်လိုက်ပြောရရင် iQOO 11S , RedMagic 8S Pro ,iQOO 11 Pro, Vivo X90 Pro+, Oppo Find X6 Pro, OnePlus 11, Xiaomi 13 Ultra နဲ့ iQOO Neo8 Pro တို့ ဖြစ်ပါတယ်။

Ref : gizmochina