PC နဲ့ Console စျေးကွက်မှာ အောင်မြင်ပြီးသား Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ Apex Legends ဟာ ယခုနှစ်အတွင်းမှာ Mobile စျေးကွက်ကိုပါ တရားဝင် ဝင်ရောက်လာခဲ့ပါတယ်။​ အစောပိုင်း Beta Version ပဲထွက်ရှိတဲ့အချိန်ကနေ တရားဝင် Stable Version ထွက်ရှိတဲ့အချိန်အထိ Mobile Version ဟာ ဆော့ကစားသူများပြားပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

အခုလည်း Apex Legends Mobile ဂိမ်းဟာ iOS နဲ့ Android Platform ၂ မျိုးစလုံးမှာ အကောင်းဆုံး Game of The Year ဆုကို ရရှိသွားပြီဖြစ်ပါတယ်။ ဒါဟာ Google Play Store မှာ Google Play Best of 2022 Award အပြင် Apple App Store မှာပါ iPhone Game of the Year 2022 Award တွေကို ရရှိခဲ့တာဖြစ်ပါတယ်။

Apex Legends Mobile ဂိမ်းဟာ PC Version ကို ထုတ်လုပ်တဲ့ Game Developer တွေဖြစ်တဲ့ Respawn နဲ့ Electronics Art ကပဲ ထုတ်လုပ်ထားတာဖြစ်ပြီး မတူညီတဲ့​Character တွေကိုရွေးချယ်ပြီး ဆော့ကစားရမှာဖြစ်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ Character ပေါ်မှုတည်ပြီး မတူညီတဲ့ Skills တွေလည်းပါဝင်မှာဖြစ်တာကြောင့် တခြားသော Battle Royale ဂိမ်းတွေနဲ့ ယှဥ်ရင် မတူညီတဲ့ Experience ကိုရရှိမှာဖြစ်ပါတယ်။​

အခုလိုမျိုး Apex Legends Mobile က Game of the Year ဆုကို ရရှိသွားတာကလည်း လက်ရှိအချိန်မှာ Apex Legends ရဲ့ ပြိုင်ဘက်လို့ပြောနိုင်တဲ့ PUBG Mobile ဟာ India အပါအဝင် တချို့သောနိုင်ငံတွေမှာ Ban ခံထားရတာကြောင့်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအခွင့်အရေးကို အသုံးချပြီး Respawn Entertainment ရဲ့ Senior Director ဖြစ်တဲ့ Myke Hoff ကတော့ Apex Legends Mobile ကို ဆော့ကစားသူတွေဆီကို ပိုမိုရောက်ရှိအောင် တိုးချဲ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – Gizmo China