Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ iPhone 12 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာပါ။ အဆိုပါ iPhone 12 Series ဖုန်းတွေဟာ Apple အတွက် ပထမဆုံးအနေနဲ့ 5G Network ကို Support ပြုလုပ်လာမယ့်ဖုန်းတွေလို့လည်း ပြောနိုင်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Apple iPhone 12 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် 5G Modem နဲ့ သက်ဆိုင်တဲ့သတင်းတစ်ခုက ထွက်ပေါ်လာပြန်ပါပြီ။ ဒါကတော့ DigiTimes ကနေ ဖော်ပြခဲ့တာဖြစ်ပြီး 2020 iPhone အသစ်တွေမှာ Qualcomm ရဲ့ နောက်ဆုံးထွက် X60 5G Modem ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် Apple အတွက် Chip တွေထုတ်လုပ်ပေးနေတဲ့ TSMC ကနေ ယခုလကုန်ပိုင်းမှာ A14 Bionic Chip အပြင် Snapdragon X60 Modem ကိုပါ စတင်ပြီး အမြောက်အများထုတ်လုပ်သွားမှာဖြစ်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ X60 Modem ဟာ 5nm Architecture ကိုအသုံးပြုထားတာဖြစ်သလို mmWave နဲ့ sub-6GHz 5G Network Band ၂ မျိုးစလုံးကို Support ပေးနိုင်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Network Speed ရော Latency ပိုင်းမှာပါ အကောင်းဆုံး Modem တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

လောလောဆယ်မှာ အဆိုပါ Qualcomm X60 5G Modem ကို အသုံးပြုထားတဲ့ Android Flagship ဖုန်းတွေမရှိသေးတဲ့အတွက် Apple iPhone 12 Series ဟာ 5G Network ပိုင်းမှာလည်း စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China