Apple ဟာ ဒီနှစ် ပထမ ကွာတား ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ ဒေါ်လာ ၅၀ ဘီလီယမ်ဖိုး iPhone တွေ ရောင်းချနိုင်ခဲ့ပါတယ်။ အတိအကျပြောရရင် ဒေါ်လာ ၅၀.၅၇ ဘီလီယမ် ဖြစ်ပြီး ၂၀၂၁ ခုနှစ်ကထက် ၅.၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Apple CEO Tim Cook က ပထမ ကွာတားမှာ iPhone ရောင်းအား အလွန်ကောင်းခဲ့ပြီး အောင်မြင်တဲ့ ကွာတားလို့ ပြောပါတယ်။

apple iphone se 2 featured(1)

အခုလို iPhone ရောင်းအား ကောင်းလာတာဟာ Android ကနေ iPhone ပြောင်းကိုင်သူတွေနဲ့ မသက်ဆိုင်ပါဘူး။ နိုင်ငံတကာဈေးကွက်များစွာမှာ iPhone ရောင်းအား တိုးတက်လာတာကို သက်သေပြနေပါတယ်။ Apple ဟာ စွမ်းဆောင်ရည်မြင့် ဖုန်းတွေအပြင် ဈေးသက်သာတဲ့ iPhone SE 3 ကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ဈေးကွက်ချဲ့ထွင်လာခဲ့ပါတယ်။

Apple Events - Apple

iPad ရောင်းအားကတော့ အရင်နှစ်ကထက် ၂ ရာခိုင်နှုန်း နည်းပါးခဲ့ပြီး ဒေါ်လာ ၇.၆၅ ဘီလီယမ်ဖိုးပဲ ရောင်းချနိုင်ခဲ့ပါတယ်။ Cook က ကုန်ကြမ်း ပစ္စည်းတွေ လုံလုံလောက်လောက် မရလို့ ပထမ ကွာတားမှာ iPad ရောင်းအားနည်းသွားတာလို့ ပြောပါတယ်။ ခြုံပြောရရင် ပထမ ကွာတားမှာ Apple ရဲ့ ရောင်းအားဟာ မျှော်လင့်ထားတာထက် ပိုကောင်းခဲ့ပါတယ်။ Apple ရဲ့ ဝန်ဆောင်မှု ဌာနရဲ့ ဝင်ငွေဟာလည်း ပထမ ကွာတားမှာ တိုးတက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ၁၇.၂၈ ရာခိုင်နှုန်း ပိုများလာခဲ့ပါတယ်။ ဝန်ဆောင်မှု ဌာနရဲ့ စုစုပေါင်း ဝင်ငွေဟာ ၁၉.၈၂ ဘီလီယမ် ရှိခဲ့ပါတယ်။

Cook က Apple ဟာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှု အပိုင်းတွေမှာ ထူးခြားဆန်းသစ်မှုကို အာရုံစိုက်ခြင်းအားဖြင့် ဖောက်သည်တွေကို စွဲဆောင်မယ်လို့ ပြောပါတယ်။ သူက ကုမ္ပဏီဟာ ထုတ်ကုန် အသစ်တွေကို ဖောက်သည်တွေ အလွန်ကြိုက်နှစ်သက်ကြတာကို ဝမ်းသာတယ်လို့ ရှင်းပြပါတယ်။

Ref : gizmochina