Apple ဟာ AirPods Pro ကို မိတ်ဆက်ခဲ့တာ အခုဆိုရင် အချိန် ၂ နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကတော့ AirPods 3 ကို မိတ်ဆက်ခဲ့ပြီး AirPods Pro ရဲ့ Charging Case ကို MagSafe Charging နဲ့ပြောင်းလဲထုတ်လုပ်ခဲ့ပေမယ့် လူအများမျှော်လင့်နေတဲ့ AirPods Pro 2 ကိုတော့ မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။

အခုလောလောဆယ်ထွက်ပေါ်နေတဲ့သတင်းတွေအရ Apple ဟာ ယခုနှစ်မှာတော့ AirPods Pro 2 ကို မိတ်ဆက်သွားမှာဖြစ်ပြီး Feature အသစ်တွေအများအပြားပါဝင်လာမယ်လို့ သိရပါတယ်။ အဆိုပါ Feature တွေထဲမှာ Charging Case မှာ Speaker ပါဝင်လာတာတွေ၊ Bluetooth အစား Hi-Res Audio Support ပေးနိုင်တဲ့ Codec ကိုပြောင်းသုံးတာမျိုးတွေပါဝင်လာမယ်လို့ ယူဆရပါတယ်။

အခုလည်း AirPods Pro 2 မှာ ပါဝင်လာနိုင်တဲ့ Feature အသစ်အကြောင်းကို Bloomberg Media ကနေ ဖော်ပြခဲ့ပါတယ်။ အဆိုပါ Feature ကတော့ AirPods Pro 2 မှာ လက်ရှိ Apple Watch လိုမျိုးပဲ Fitness Tracking အတွက် Motion Sensor အများအပြားကို ထည့်သွင်းလာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Audio Chip ကိုလည်း အဆင့်မြှင့်တင်လာမှာဖြစ်တဲ့အတွက် Active Noise Cancellation ပိုင်း ပိုကောင်းလာမှာဖြစ်သလို Battery Life ကလည်း ပိုအသုံးခံမှာဖြစ်ပါတယ်။ Design ပိုင်းကိုလည်း ပြောင်းလဲလာမှာဖြစ်ပြီး လက်ရှိ AirPods Pro မှာ ပါဝင်တဲ့ Stem ကို ဖြုတ်လိုက်တော့မှာပါ။

Apple AirPods Pro 2 ကို မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးဘဲ ဖြစ်နိုင်ခြေများနေတာကတော့ လာမယ့် ၂၀၂၂ နှစ်ကုန်ပိုင်းမှပဲ iPhone 14 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားနိုင်ပါတယ်။

Ref – Gizmo China