Apple ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက iPhone 12 Series ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခင်တုန်းက သတင်းထွက်ရှိထားခဲ့တဲ့ AirPods Studio Headphone ကိုတော့ မိတ်ဆက်သွားခြင်းမရှိပါဘူး။ အခုတော့ AirPods Pro 2nd Generation နဲ့ ပတ်သက်ပြီးသတင်းအချို့ပေါက်ကြားလာပြီဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ TechRadar ကနေ ဖော်ပြခဲ့တာဖြစ်ပြီး သေချာမှုရှိမရှိကတော့ အတိအကျမသိရှိရသေးပါဘူး။

AirPods Pro 2nd Generation ဟာ စျေးနှုန်းအနေနဲ့ $249 (မြန်မာငွေ ၃ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိ AirPods Pro နဲ့ ယှဥ်ရင် စျေးနှုန်းသိသိသာသာကွာခြားသွားမှာမဟုတ်ပါဘူး။ AirPods Pro 2nd Gen ဟာ Battery Life နဲ့ Active Noise Cancellation Feature တွေမှာလည်း အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Ambient Light Sensor အသစ်တွေပါဝင်လာမှာဖြစ်ပြီး ဘယ်အတွက် အလုပ်လုပ်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ အကုန်လုံးခြုံကြည့်မယ်ဆိုရင် ယခင် AirPods တွေလိုမျိုးပဲ သိသိသာသာကွာခြားမှာမဟုတ်ဘဲ အနည်းငယ်စီပဲ အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။

AirPods Pro 2nd Generation တွေကို လာမယ့် ၂၀၂၁ ခုနှစ် စတုတ္ထ ၃ လပတ် (သို့မဟုတ်) ၂၀၂၂ ပထမ ၃ လပတ်အတွင်းမှ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဒါက ခုနှစ်မှားယွင်းပြီး ပြောကြားခဲ့သလားဆိုတာကိုတော့ အတည်မပြုနိုင်သေးပေမယ့် တကယ်သာဆိုရင် နောက်ထပ် ၁ နှစ်ကျော်လောက်စောင့်ဆိုင်းရမယ့်ပုံစံပါပဲ။

ဖြစ်နိုင်တာကတော့ Apple ဟာ လက်ရှိ AirPods Pro တွေကိုပဲ မကြာသေးခင်တုန်းက Spatial Sound Update ပြုလုပ်ခဲ့သလို Software Update တွေပဲ ဆက်တိုက်ထုတ်ပေးသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China