Apple နဲ့ SpaceX တို့ဟာ Starlink ဂြိုဟ်တုအင်တာနက်ကို iPhone 18 Pro ထဲမှာ တိုက်ရိုက်ထည့်သွင်းဖို့ ဆွေးနွေးနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒီ feature (လုပ်ဆောင်ချက်) ကို ၂၀၂၆ ခုနှစ်မှာ စတင်မိတ်ဆက်လာနိုင်ခြေရှိပါတယ်။

Apple and SpaceX Plan Starlink-Connected iPhone

iPhone သုံးစွဲသူတွေ ရိုးရိုး ဆယ်လူလာကွန်ရက်တွေအပေါ် မှီခိုစရာမလိုဘဲ ဝေးလံခေါင်သီတဲ့ ဒါမှမဟုတ် ဝန်ဆောင်မှုမရတဲ့ နေရာတွေမှာတောင် high-speed အင်တာနက်ကို အသုံးပြုနိုင်အောင် ရည်ရွယ်ပါတယ်။

Apple might be testing Starlink satellite connectivity for select iPhone  users | TechRadar

Apple ရဲ့ hardware ကျွမ်းကျင်မှုနဲ့ SpaceX ရဲ့ ဂြိုဟ်တုနည်းပညာကို ပေါင်းစပ်လိုက်ခြင်းအားဖြင့်၊  ကျေးလက်ဒေသတွေကနေ သမုဒ္ဒရာတွေနဲ့ တောင်တန်းတွေအထိ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို  အင်တာနက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မြေပြင်အခြေစိုက် အခြေခံအဆောက်အအုံတွေအပေါ် မှီခိုမှုကို လျှော့ချပေးမယ့်အပြင် ဆက်သွယ်ရေး၊ လမ်းကြောင်းရှာဖွေရေး (navigation) နဲ့ online ဝန်ဆောင်မှုတွေကိုလည်း မြှင့်တင်ပေးဖို့ မျှော်လင့်ရပါတယ်။

Starlink ကို စမတ်ဖုန်းတွေထဲမှာ ထည့်သွင်းလိုက်တာဟာ ဒစ်ဂျစ်တယ်ကွာဟမှုကို ပေါင်းကူးပေးကာ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသောသူတွေအတွက် မကြုံစဖူး အင်တာနက် အသုံးပြုခွင့်ကို ပေးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားပါတယ်။

တကယ်လို့ အောင်မြင်ခဲ့ရင် iPhone ကိုင်သူတွေဟာ Starlink ဂြိုလ်တု အင်တာနက်နဲ့ လန်းနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Technologia