Apple ဟာ အခုအချိန်မှာ Apple Watch Series 6 အတွက် အခမဲ့ပြင်ဆင်ပေးသွားမယ့် Free Repair Program ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုလိုမျိုး အခမဲ့ပြင်ဆင်ပေးမယ့် အစီအစဥ်ဟာ ပြဿနာတိုင်းအတွက်တော့ မဟုတ်ဘဲ Screen မှာ ထူးခြားတဲ့ပြဿနာတစ်ခုကြုံတွေ့နေမှ အကျုံးဝင်မှာဖြစ်ပါတယ်။

ဒါကတော့ တချို့သော Apple Watch Series 6 တွေမှာ Defective ဖြစ်နေတဲ့ Screen ပါဝင်မှုရာခိုင်နှုန်းအချို့ရှိနေပြီးတော့ အဆိုပါ Apple Watch Series 6 တွေမှာ မတော်တဆ Display က လုံးဝ Blank ဖြစ်သွားတဲ့ ပြဿနာဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အခုလိုမျိုး Blank Display Error ကြုံတွေ့ရနိုင်တဲ့ Apple Watch Series 6 တွေကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအတွင်းမိတ်ဆက်ခဲ့တဲ့ Apple Watch Series 6 တွေဖြစ်နိုင်ခြေများတယ်ဆိုပြီး Apple ကနေ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအတွက် Apple ကနေ အခုလိုမျိုး ပြဿနာကြုံတွေ့နေရပြီဆိုရင် Apple Website ကနေတစ်ဆင့် Repair Program ထဲမှာ အကျုံးဝင်လားဆိုတာကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ အကျုံးဝင်တယ်ဆိုရင်တော့ အဆိုပါ Apple Watch Series 6 ကို နီးစပ်ရာ Authorized Service Provider ကနေတစ်ဆင့် အခမဲ့ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

Apple ကတော့ အခုလိုမျိုး Blank Screen ပြဿနာဟာ Apple Watch Series 6 တွေမှာပဲ ဖြစ်ပေါ်နေတယ်လို့ ပြောကြားခဲ့ပြီး နောက်ဆုံးထွက်ရှိထားတဲ့ Apple Watch Series 7 မှာတော့ အဆိုပါ ပြဿနာကြုံတွေ့ရခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Ref – Gizmo China