Apple က 11” နဲ့ 13” iPad Air (2025) ကို ကြေညာလိုက်ပြီး Apple M3 Chip ထည့်သွင်းထားပါတယ်။ M3 Chip မှာ 8-core CPU , 9-core GPU , 16-core NPU ထည့်သွင်းထားပြီး အရင်နှစ်ထုတ် မော်ဒယ်တွေမှာ M2 Chip တပ်ဆင်ပေးထားခဲ့ပါတယ်။ M3 iPad Air ဟာ M1 iPad Air ထက် စွမ်းဆောင်ရည် ၂ ဆ ပိုမြန်လာပါတယ်။
iPad Air (2025) ရဲ့ ကျန်တဲ့ Specs တွေဟာ အရင်နှစ်ထုတ် iPad Air တွေနဲ့ တော်တော် တူညီပြီး အဲဒီအထဲမှာ Screen Size , Display Recolution နဲ့ Refresh Rate (60Hz) တို့ ပါဝင်ပါတယ်။ 12MP ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး Apple Intelligence ပါလာပါတယ်။ USB-C 3.1 Connector ထည့်သွင်းထားပြီး WiFi 6E , Bluetooth 5.3 တွေကို ဆက်သုံးထားပါတယ်။ ပါဝါခလုတ်ထဲမှာ Touch ID ထည့်ထားပါတယ်။
Magic Keyboard ကို အဆင့်မြှင့်ထားပြီး ပိုကြီးမားတဲ့ Trackpad နဲ့ Function Key Row အသစ် ပါလာပါတယ်။ Blue, Purple, Starlight နဲ့ Space Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။
WiFi Only 11” iPad Air (128GB Storage ) ကို ၅၉၉ ဒေါ်လာနဲ့ ဆယ်လူလာ မော်ဒယ်ကို ၇၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
13” iPad Air (128GB Storage) ကို ၇၉၉ ဒေါ်လာနဲ့ ဆယ်လူလာ မော်ဒယ်ကို ၉၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့ ရောင်းချမှာပါ။
Ref : gsmarena