Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ ကိုယ်ပိုင် M1X Chip ကို အသုံးပြုထားတဲ့ MacBook Pro အသစ်တွေကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းက ယခင်ထဲကထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတေ့ာ Apple ကနေ လာမယ့်အောက်တိုဘာလ ၁၈ ရက်နေ့မှာ Event အသစ်တစ်ခုကို ပြုလုပ်သွားမယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Apple Event မှာ ကျိန်းသေသလောက်ဖြစ်နေတာကတော့ M1X Chip ကို အသုံးပြုထားတဲ့ MacBook Pro အသစ်တွေနဲ့ Mac Mini တွေပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ AirPods 3 နဲ့ တခြားသော Device တွေကိုလည်း မိတ်ဆက်လာနိုင်ပါသေးတယ်။

Apple ရဲ့ Marketing Executive ဖြစ်တဲ့ Grey Joswiak ရဲ့ Tweet မှာတော့ Lightspeed Jump ပြုလုပ်တဲ့ Animation ကိုမှ “Unleashed” လို့ပဲရေးသားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ Apple Event ရဲ့ အဓိက Highlight တွေက M1X Chip ရဲ့ Performance အပြင် mini-LED Display ကိုလည်း ပြသထားတာဖြစ်နိုင်ပါတယ်။

MacBook Pro အသစ်တွေဟာ MacBook Pro 14-inch နဲ့ MacBook Pro 16-inch ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပြီး သတင်းတွေထွက်ရှိထားသလိုဆိုရင် လက်ရှိ MacBook တွေလိုမျိုး USB-C Port တွေတင်မဟုတ်ဘဲ MagSafe Charging ၊ HDMI နဲ့ SD Card Slot တွေလည်း ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ Mac Mini အသစ်ကိုတော့ လောလောဆယ်မှာ Design ပြောင်းလဲဦးမှာမဟုတ်သေးဘဲ M1X Chip အပြင် အခြားသော Performance ပိုင်းအဆင့်မြှင့်တင်မှုတွေကိုပဲ ပြုလုပ်လာဖွယ်ရှိနေပါတယ်။

AirPods 3 ကတော့ Design ပိုင်းမှာ AirPods Pro နဲ့ ပိုဆင်တူလာမှာဖြစ်ပြီး ANC ပါဝင်လာမှာမဟုတ်သေးပေမယ့် တခြားသော Feature ပိုင်းအဆင့်မြှင့်တင်မှုတွေအပြင် Wireless Charging ကို သီးသန့် Case ဝယ်ယူစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – The Verge