[Unicode]
Apple ဟာ ဘက်ထရီသစ် ပြန်လဲလှယ်ပေးတဲ့ အစီအစဉ်သစ်ကို စတင်လိုက်ပြီလို့ သိရပါတယ်။ ဒီအစီအစဉ်ဟာ iPhone မော်ဒယ်အချို့ရဲ့ Smart Battery Case တွေအတွက်လည်း ဖြစ်ပါတယ်။ အစီအစဉ်မှာ 2018 iPhone တွေအပါအဝင်အားသွင်းခြင်း ပြဿနာကြုံတွေ့နေရတဲ့ iPhone XR, iPhone XS နဲ့ iPhone XS Max တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
Smart Battery Case မှာ ပြဿနာနှစ်မျိုးရှိပါတယ်။ တစ်မျိုးက Case ရဲ့ ဘက်ထရီဟာ အားပြန်မသွင်းနိုင်တာ၊ ဒါမှမဟုတ် ပြတ်တောင်းပြတ်တောင်းနဲ့ အားသွင်းတာပါ။ နောက်တစ်မျိုးကတော့ Case ဟာ iPhone ကို လုံးဝအားမသွင်းတာ၊ ဒါမှမဟုတ် ပြတ်တောင်းပြတ်တောင်းနဲ့ပဲ အားသွင်းပေးနိုင်တာပါ။
ဒီလိုပြဿနာတွေဖြစ်ပေါ်တဲ့ Case တွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကြားထဲ ထုတ်လုပ်ခဲ့တာတွေ ဖြစ်ပါတယ်။ Apple ကတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ Case ပိုင်ရှင်တွေကို အခမဲ့ လဲလှယ်ပေးမယ်လို့ ကြေညာထားပါတယ်။ အသေးစိတ်အချက်အလက်ကိုလည်း Apple ရဲ့ Support page မှာ တရားဝင်ဖော်ပြပေးထားတာပါ။
သုံးစွဲသူတွေကတော့ ပထမဦးဆုံး Apple Authorized Service Provider ကိုရှာဖွေရပါမယ်။ ပြီးရင်တော့ ဘက်ထရီ Case ကို လဲလှယ်ဖို့အတွက် Apple Retail Store နဲ့ ရက်ချိန်းယူရမှာ ဖြစ်ပါတယ်။ အခြားအသေးစိတ်အချက်အလက်တွေ သိချင်တာ၊ အကူအညီလိုအပ်တာတို့ဆိုရင် Apple Support ကို ဆက်သွယ်ပြီးတော့ မေးမြန်းနိုင်ပါတယ်။
Ref: GSM Arena
[Zawgyi]
ျပႆနာျဖစ္ေနတဲ့ Smart Battery Case ေတြ အစားထိုးလဲလွယ္ေရးအစီအစဥ္စတင္လိုက္တဲ့ Apple
Apple ဟာ ဘက္ထရီသစ္ ျပန္လဲလွယ္ေပးတဲ့ အစီအစဥ္သစ္ကို စတင္လိုက္ၿပီလို႔ သိရပါတယ္။ ဒီအစီအစဥ္ဟာ iPhone ေမာ္ဒယ္အခ်ိဳ႕ရဲ႕ Smart Battery Case ေတြအတြက္လည္း ျဖစ္ပါတယ္။ အစီအစဥ္မွာ 2018 iPhone ေတြအပါအဝင္အားသြင္းျခင္း ျပႆနာႀကဳံေတြ႕ေနရတဲ့ iPhone XR, iPhone XS နဲ႔ iPhone XS Max တို႔လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။
Smart Battery Case မွာ ျပႆနာႏွစ္မ်ိဳးရွိပါတယ္။ တစ္မ်ိဳးက Case ရဲ႕ ဘက္ထရီဟာ အားျပန္မသြင္းႏိုင္တာ၊ ဒါမွမဟုတ္ ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ အားသြင္းတာပါ။ ေနာက္တစ္မ်ိဳးကေတာ့ Case ဟာ iPhone ကို လုံးဝအားမသြင္းတာ၊ ဒါမွမဟုတ္ ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ပဲ အားသြင္းေပးႏိုင္တာပါ။
ဒီလိုျပႆနာေတြျဖစ္ေပၚတဲ့ Case ေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလကေန ေအာက္တိုဘာလၾကားထဲ ထုတ္လုပ္ခဲ့တာေတြ ျဖစ္ပါတယ္။ Apple ကေတာ့ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီတဲ့ Case ပိုင္ရွင္ေတြကို အခမဲ့ လဲလွယ္ေပးမယ္လို႔ ေၾကညာထားပါတယ္။ အေသးစိတ္အခ်က္အလက္ကိုလည္း Apple ရဲ႕ Support page မွာ တရားဝင္ေဖာ္ျပေပးထားတာပါ။
သုံးစြဲသူေတြကေတာ့ ပထမဦးဆုံး Apple Authorized Service Provider ကိုရွာေဖြရပါမယ္။ ၿပီးရင္ေတာ့ ဘက္ထရီ Case ကို လဲလွယ္ဖို႔အတြက္ Apple Retail Store နဲ႔ ရက္ခ်ိန္းယူရမွာ ျဖစ္ပါတယ္။ အျခားအေသးစိတ္အခ်က္အလက္ေတြ သိခ်င္တာ၊ အကူအညီလိုအပ္တာတို႔ဆိုရင္ Apple Support ကို ဆက္သြယ္ၿပီးေတာ့ ေမးျမန္းႏိုင္ပါတယ္။
Ref: GSM Arena