နာမည်ကြီး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ၂၀၂၃ ခုနှစ်ထုတ် iPhone တွေမှာ USB-C ကို ထည့်သွင်းထားမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Bloomberg က Apple ဟာ iPhone မှာ USB-C Port ကို စတင် စမ်းသပ်နေပြီလို့ ပြောပါတယ်။ ဒါပေမယ့် ဒီနှစ်ထုတ်မယ့် iPhone တွေမှာတော့ Lightning Connector ကိုပဲ အသုံးပြုထားမှာပါ။

iPhone 13 Models Compared: All the Differences, From Colors to Price - CNET

ဒါ့အပြင် Bloomberg က Apple ဟာ USB-C ပါတဲ့ အနာဂတ်ထုတ် iPhone တွေကို လက်ရှိ Lightning Connector အတွက် ဒီဇိုင်းထုတ်ထားတဲ့ Accessory တွေနဲ့ တွဲဖက် သုံးနိုင်မယ့် Adapter ၁ ခုကိုလည်း ဖန်တီးနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် Apple က အဲဒီ Adapter ကို ဘူးထဲမှာ ထည့်သွင်းပေးမလားဆိုတာ မသိရသေးပါဘူး။ လက်ရှိ Apple ရဲ့ ထုံးစံအတိုင်းဆိုရင် Customer တွေဟာ အဲဒီ Adapter ကို သီးခြား ဝယ်ယူရနိုင်ပါတယ်။

Apple iPhone 13 mini - Notebookcheck.fr

Lightning Connector ကနေ USB-C ကို ပြောင်းလဲရခြင်း အကြောင်းအရင်းတွေထဲက ၁ ခုက ဥရောပ သမဂ္ဂရဲ့ တွန်းအားပေးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစတင်ကာ Android စမတ်ဖုန်း ၊ တက်ဘလက်တွေမှာ USB-C Port ကို တပ်ဆင်ထားကြတဲ့အတွက် Android Device ထုတ်လုပ်သူတွေအတွက်တော့ ပြဿနာ မရှိပါဘူး။

Apple ဟာ Lightning Port ကနေ USB-C ကို ပြောင်းလဲ အသုံးပြုမယ်ဆိုရင် iPhone User တွေဟာ ဒေတာကူးပြောင်းနှုန်းနဲ့ အားသွင်းနှုန်း ပိုမိုမြန်ဆန်တဲ့ အကျိုးကျေးဇူးကို ခံစားရမှာ ဖြစ်ပါတယ်။

Ref : gsmarena