Apple ဟာ သူ့ရဲ့ တရားဝင် တွစ်တာအကောင့်ကို Hack ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအကောင့်မှာ Follower ပေါင်း 4.6 သန်းရှိနေတာဖြစ်ပြီး Hacker တွေရဲ့ လိမ်လည်မှုကို တွေ့မြင်နိုင်တယ်လို့ Phone Arena က ရေးသားဖော်ပြခဲ့ပါတယ်။

Apple ဟန်ဆောင်ထားတဲ့ Hacker တွေဟာ Apple တွစ်တာအကောင့်မှာ “ကျွန်တော်တို့ဆီလိပ်မူပြီးပို့လိုက်တဲ့ Bitcoin တွေအားလုံးရဲ့ နှစ်ဆကို ခင်ဗျားတို့ဆီပြန်ပို့ပေးမယ်” လို့ လွှင့်တင်ခဲ့ပါတယ်။ ဒါကြောင့် တွစ်တာအသုံးပြုသူတွေအချို့က သူတို့ရဲ့ Bitcoin လိပ်စာတွေကို Blocked လုပ်ထားကြတယ်လို့ သိရပါတယ်။

Hacker တွေက လိမ်လည်တဲ့ပို့စ်ကိုတင်ပြီး၊ Apple အကောင့်က ပေးပို့ခြင်းတွေဟာ အချိန်တိုအတွင်းမှာပဲ ပြန်ဖျက်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ အကြောင်းက ကုမ္ပဏီအနေနဲ့ ချက်ချင်းဆိုသလို သူတို့ရဲ့ အကောင့်ကို ပြန်ရယူနိုင်ပြီး ထိန်းချုပ်နိုင်တာကြောင့်လို့ သိရပါတယ်။

Hacker တွေဟာ Apple တင်မကဘဲ Microsoft ပူးတွဲတည်ထောင်သူ Bill Gates နဲ့ Tesla တည်ထောင်သူ Elon Musk အပါအဝင် အခြားသောအထင်ကရပုဂ္ဂိုလ်တွေရဲ့ အကောင့်တွေကိုလည်း ဖောက်ထွင်းရယူပြီး ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။ Musk နဲ့ Gates တို့ရဲ့ အကောင့်တွေကနေ ပေးပို့တဲ့ လိမ်ညာတဲ့ Tweet တွေကလည်း Apple ကပေးပို့တဲ့ Tweet တွေနဲ့ ဆင်တူတယ်လို့ သိရပါတယ်။

Hack ခံရတဲ့ အကောင့်တွေထဲမှာ သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေအဖြစ် Amazon တည်ထောင်သူ Jeff Bezos, သမ္မတလောင်း Joe Biden, သမ္မတဟောင်း Barack Obama နဲ့ လုပ်ငန်းရှင် Michael Bloomberg တို့လို ပုဂ္ဂိုလ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ Hacker တွေအနေနဲ့ ဒီလိုမျိုး အထင်ကရပုဂ္ဂိုလ်တွေရဲ့အကောင့်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖောက်ထွင်းရယူပြီး ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

Twitter ကတော့ “Twitter မှာ အကောင့်တွေပေါ်သက်ရောက်တဲ့ လုံခြုံရေးဆိုင်ရာထိခိုက်မှုဖြစ်ပွားခဲ့တာကို သတိပြုမိကြောင်း၊ စုံစမ်းစစ်ဆေးခြင်းနဲ့ ပြင်ဆင်ခြင်းတွေကို ပြုလုပ်နေပြီး မကြာခင်အချိန်အတွင်းမှာ အသုံးပြုသူတိုင်းကို Update လုပ်မှာဖြစ်ကြောင်း” ရေးသားဖော်ပြခဲ့ပါတယ်။

Ref: Phone Arena