ကျန်းမာရေး နည်းပညာ ကုမ္ပဏီ Masimo က SpO2 (သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာတဲ့) Sensor ပါတဲ့ Apple Watch တွေမှာ သူ့ရဲ့ နည်းပညာကို အသုံးပြုထားတယ်လို့ တရားစွဲထားတဲ့အတွက် အမေရိကန်မှာ Apple Watch ရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။

အခုတော့ Apple က အမေရိကန် အခွန်ဌာနက Apple ဟာ အပြစ်ရှိကြောင်း မဆုံးဖြတ်ရသေးခင်မှာ Apple Watch ရောင်းချခွင့်ပေးဖို့ အမေရိကန် အယူခံ တရားရုံးမှာ လျှောက်ထားလိုက်တဲ့အတွက် Apple Watch ရောင်းချခွင့် ပိတ်ပင်ထားတာကို ယာယီ ရပ်နားပေးလိုက်ပါတယ်။

Apple Watch Series 9 vs. Ultra 2: Don't Get the Wrong One - CNET

အရင်က Apple ဟာ Watch Series 9 နဲ့ Watch Ultra 2 တို့ကို အွန်လိုင်းနဲ့ မြေပြင်စတိုးတွေကနေ ရောင်းချလို့ မရခဲ့ဘဲ Third-party စတိုးတွေကတော့ ပစ္စည်းလက်ကျန်ရှိတဲ့အထိ ရောင်းချခွင့်ရခဲ့ပါတယ်။ အခုတော့ ရောင်းချခွင့် ပိတ်ပင်ထားတာကို ယာယီ ရပ်နားလိုက်တဲ့အတွက် Apple ဟာ တရားရုံး အမိန့်ချမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့အထိ စမတ်နာရီတွေကို ရောင်းချခွင့်ရသွားပါတယ်။

Apple Watch Series 9 vs Ultra 2: Which smartwatch should you buy? | ZDNET

အမေရိကန် အခွန်ဌာနက SpO2 Sensor ပါတဲ့ Apple ရဲ့ စမတ်နာရီတွေကို ရောင်းချခွင့် ထာဝရ ပိတ်ပင်သွားမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။ ဒီအတောအတွင်းမှာတော့ Apple ဟာ စမတ်နာရီတွေကို ဆက်လက်ရောင်းချခွင့်ရနေဦးမှာ ဖြစ်ပါတယ်။

Ref : gsmarena