Apple နဲ့ Google တို့ရဲ့ပြိုင်ဆိုင်မှုဟာ iOS နဲ့ Android တင် မဟုတ်တော့ပါဘူး။ AI နည်းပညာမှာပါ ပြိုင်ဆိုင်လာကြပါတယ်။ Apple က ထုတ်ပြန်တဲ့ AI Research Paper မှာ Apple ဟာ Google Hardware ကို အသုံးပြုကာ Apple Intelligence ရဲ့ အုတ်မြစ်ကို တည်ဆောက်ထားတယ်လို့ ရေးသားထားပါတယ်။

Apple and Google: Who is the King? | by vTutor | Mac O'Clock | Medium

Apple နဲ့ Google ဟာ နည်းပညာ လောကမှာ ပြိုင်ဖက်တွေ ဖြစ်ပါတယ်။ အခုတော့ Apple ဟာ AI Research အတွက် Google Hardware ကို အသုံးပြုနေပါတယ်။ Apple ဟာ Google ရဲ့ v4 နဲ့ v5p Cloud TPU Clusters တွေကို အသုံးပြုကာ AI မော်ဒယ်တွေကို တည်ဆောက်နေပါတယ်။

အဲဒီ သတင်းအချက်အလက်ကို Apple ရဲ့ “Apple Intelligence Foundation Language Models,” စာတမ်းမှာ ဖော်ပြထားပြီး Apple ရဲ့ AI နည်းပညာကို ဖန်တီးဖို့ အသုံးပြုထားတဲ့ အရင်းအမြစ်တွေကို ရေးသားထားပါတယ်

Google ရဲ့ Cloud TPU Clusters ဟာ စွမ်းရည်မြင့် Computing လိုအပ်ချက်ကို ပြည့်မှီအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး Large Language မော်ဒယ်တွေကို လေ့ကျင့်ပေးတာလို စွမ်းရည်မြင့် Computing အလုပ်တွေအတွက် အဓိကကျတဲ့ ပလက်ဖောင်း ဖြစ်ပါတယ်။

ကုမ္ပဏီတွေဟာ ကိုယ်ပိုင် နည်းပညာကို ဖန်တီးဖို့အတွက် အချိန်လိုအပ်ပါတယ်။ အဲဒီအတွက် Apple က အချိန်ကုန်သက်သာအောင် ပြိုင်ဖက်ရဲ့ နည်းပညာကို အသုံးပြုတာ ဖြစ်နိုင်ပါတယ်။

Ref : gizmochina