Apple က ဖုန်း အစိတ်အပိုင်းတွေ ဝယ်ယူဖို့အတွက် Japan Display မှာ ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှပ်နှံမှု အပြီးသတ်လိုက်ပြီဖြစ်ပါတယ်။ Apple ဟာ အရင်က Japan Display ကို ချေးငွေ ဒေါ်လာ ၁.၅ ဘီလီယမ် ပေးထားပြီး Japan Display က ဒေါ်လာ သန်း ၇၀၀ လောက် ပြန်ပေးထားတဲ့အတွက် ဒေါ်လာ သန်း ၈၀၀ လောက် အကြွေးတင်နေတာပါ။ အခု Apple က ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှပ်နှံလိုက်တဲ့အတွက် Japan Display ရဲ့ အကြွေးဟာ ဒေါ်လာ ၁ ဘီလီယမ်လောက် ရှိသွားပါတယ်။

Japan Display ဟာ Apple အတွက် LCD တွေ ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး Apple Watch အတွက် OLEDs တွေ ထုတ်လုပ်ပေးဖို့ Apple က အလုပ်အပ်ထားပါတယ်။ Apple က Japan Display မှာ ငွေကြေး ရင်းနှီးမြှပ်နှံလိုက်တဲ့အတွက် စက်ရုံတွေ တည်ဆောက်နိုင်မှာ ဖြစ်ပြီး iPhone အတွက် OLED ထုတ်လုပ်မှုကို အရှိန်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

Apple ဟာ လက်ရှိမှာ OLED Panels အတွက် Samsung ကို အဓိက မှီခိုနေရပြီး ဒုတိယ ဦးစားပေး အနေနဲ့ LG ကို အသုံးပြုနေကြပါတယ်။ Apple ဟာ LG နေရာမှာ BOE ကို အစားထိုးဖို့လည်း စဉ်းစားနေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena