Google ရဲ့ Stadia Game Streaming Service ဟာ လက်ရှိအချိန်မှာ အောင်မြင်တဲ့ Game Streaming Service တစ်ခုဖြစ်နေပြီးတော့ Support ပြုလုပ်တဲ့ Game တွေနဲ့ Feature တွေအများအပြားရှိနေပြီဖြစ်ပါတယ်။ Nvidia ကနေလည်း GeForce Now ကို မိတ်ဆက်ခဲ့သလို မကြာခင်မှာလည်း Microsoft ကနေ xCloud Game Streaming Service ကို မိတ်ဆက်သွားတော့မှာပါ။

ဒီလိုမျိုး Game Streaming Service တွေအများအပြားရှိနေပေမယ့် Web နဲ့ Android စမတ်ဖုန်းတွေမှာပဲရရှိနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Apple ကနေ အဆိုပါ Game Streaming Service တွေကို iOS မှာ Support ပြုလုပ်မှာမဟုတ်ဘူးဆိုပြီး အတည်ပြုခဲ့ပါတယ်။

ဒီလိုမျိုး iOS မှာ Support ပြုလုပ်ခြင်းမရှိတာကလည်း အဆိုပါ Game Streaming Service တွေဟာ App Store Policy နဲ့ ကိုက်ညီခြင်းမရှိတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် iPhone နဲ့ iPad ပေါ်မှာ Game Streaming Service တွေကို လောလောဆယ်မှာ ရရှိနိုင်မှာမဟုတ်တော့ပါဘူး။

ဒါပေမယ့်လည်း Microsoft ကနေ xCloud Gaming Service ကို လောလောဆယ်မှာ Preview အနေနဲ့ အသုံးပြုနိုင်ခြင်းမရှိသေးပေမယ့် Xbox Game Pass Ultimate ကိုတော့ iOS မှာ အသုံးပြုနိုင်အောင် ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ Facebook အနေနဲ့လည်း Apple ရဲ့ App Store Policy ကြောင့် Facebook Gaming App မှာပါဝင်တဲ့ Mini-Games Feature ကိုပါ ဖြုတ်ချခဲ့ရတယ်လို့ သိရပါတယ်။

Ref – 9to5Google