နောက်ထုတ်မယ့် MacBook တွေရဲ့ သတင်းအချက်အလက် တချို့ ထွက်ပေါ်လာပါတယ်။ U.S. Patent and Trademark Office မှာ Apple ရဲ့ Patent အသစ် ၁ ခု မကြာခင်က တွေ့ခဲ့ရပြီး Apple ဟာ Touch Bar နေရာမှာ Apple Pencil စိုက်ထားနိုင်တဲ့ Case or Dock ၁ ခုကို အစားထိုး ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ ထင်ရပါတယ်။

Imagined concept of the Apple Pencil dock in the MacBook Pro.

အဲဒီ Patent မှာ Apple Pencil ကို Dock မှာ ထည့်သွင်းထားပြီး Cursor ကို ရွှေ့နိုင်တဲ့ Mouse လို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။ ထူးခြားတာက Apple Pencil ဟာ F Key ကို အစားထိုးနိုင်တဲ့ လုပ်ဆောင်ချက်လို့ ရည်ညွှန်းထားတာပါ။ ဒစ်ဂျစ်တယ် ဘောပင်ရဲ့ ဘေးဘက်ကနေ Function Key တွေကို အသုံးပြုနိုင်မယ့် သဘော ဖြစ်ပါတယ်။

A concept that shows drawing on the screen of a MacBook with an Apple Pencil.

Patent အရ Apple ဟာ ဒစ်ဂျစ်တယ် ဘောပင်ကို စိုက်ထားဖို့ Laptop အောက်ခြေနေရာကို အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ ဒီသတင်းဟာ သိပ်တော့ မသေချာသေးပါဘူး။ လက်ရှိမှာ Apple Pencil ကို iPad တွေမှာပဲ အသုံးပြုလို့ရပါသေးတယ်။ MacBook တွေမှာ ထိတွေ့မျက်နှာပြင် မပါသေးတဲ့အတွက် Apple Pencil နဲ့ တွဲသုံးနိုင်တဲ့ ထိတွေ့မျက်နှာပြင်တပ် MacBook တွေ ထွက်လာမယ်ဆိုတာ သဘာဝ ကျပါတယ်။

အဲဒီ Patent ကို အခြေပြုပြီး ဒီဇိုင်နာ Sarang Sheth က 3D Image တချို့ကို ရေးဆွဲထားပါတယ်။ Image တွေမှာ Apple Pencil ကို နေရာချထားပုံနဲ့ Function Key တွေ အသုံးပြုနည်းတွေကို မြင်ရပါတယ်။ Touch Bar ရဲ့ အရွယ်သေး Version ကို မြင်ရပြီး Siri နဲ့ တခြား အသုံးဝင်တဲ့ App တွေကို အသုံးပြုနိုင်တာလည်း တွေ့ရပါတယ်။

Ref : digitaltrends