Apple ရဲ့ Foldable Device သတင်းတွေ ထွက်နေတာ တော်တော်ကြာပါပြီ။ Android ကုမ္ပဏီများစွာက Foldable Device တွေကို ထုတ်လုပ်ရောင်းချနေပေမယ့် Apple ကတော့ သတိကြီးစွာနဲ့ အဲဒီနယ်ပယ်ကို ချဉ်းကပ်နေပါတယ်။
နာမည်ကြီး လေ့လာဆန်းစစ်သူ Kuo က Foldable MacBook ကို ၂၀၂၇ ခုနှစ်မှာ ရောင်းချမယ်လို့ မကြာခင်က ပြောပါတယ်။ အခုတော့ Tipster Revegnus က Foldable iPhone အကြောင်းကို ပြောလာပါတယ်။
[Exclusive] Apple's Foldable Product Set for Release in 2026
According to a senior Apple official quoted by AlphaBiz, "After careful consideration, Apple has confirmed the release of its foldable iPhone for the later-than-expected year of 2026," stating, "Given the delayed…
— Revegnus (@Tech_Reve) March 8, 2024
သူက Apple ဟာ ၂၀၂၆ ခုနှစ်မှာ Foldable iPhone ကို ရောင်းချမယ်လို့ ပြောပါတယ်။ Foldable iPhone ဟာ ပြိုင်ဖက်တွေထက် ပိုမို ပါးလွှာ ပေါ့ပါးမှာ ဖြစ်ပါတယ်။ Foldable စမတ်ဖုန်းတွေမှာ ပြဿနာ ဖြစ်နေတဲ့ ခေါက်ချိုးရာကိုလည်း Apple က ဖြေရှင်းထားမှာ ဖြစ်ပါတယ်။
Tipster က Apple ဟာ ပထမမျိုးဆက် Foldable iPhone မှာ နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Apple ဟာ ပြိုင်ဖက်တွေထက် ထူးခြားအောင် ဖန်တီးနေပါတယ်။
အရင်က သတင်းအရ Apple ဟာ ပထမဆုံး Foldable Device ကို အနည်းဆုံး ၅ နှစ်ကြာ တီထွင်နေတယ်လို့ သိရပါတယ်။ Samsung ကတော့ ၂၀၁၉ ခုနှစ်မှာ Foldable Device ကို စတင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Apple က နည်းပညာအသစ်အတွက် အချိန်ယူလေ့ရှိပါတယ်။
Ref : gizmochina