Apple ဟာ ထူးထူးဆန်းဆန်းတွေ ဖန်တီး ပြတတ်တဲ့ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီ ဆိုတာ အားလုံး သိကြမှာပါ။ အခုလည်း ကုမ္ပဏီက ဝန်ထမ်းတွေကို သာမာန်လူတွေ သုံးနေတဲ့ Face Mask တွေ မဝတ်စေချင်တဲ့အတွက် အထူးထုတ် Face Mask တွေကို ဖန်တီးလိုက်ပါတယ်။ အဲဒီ Face Mask တွေကို ဖြန့်ဝေပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။

Apple Face Mask ကို ကုမ္ပဏီ ကိုယ်တိုင် တီထွင်ထားတာ ဖြစ်ပြီး နောက် ၁ ခု ဖြစ်တဲ့ ClearMask ကို တက္ကသိုလ် ၁ ခုနဲ့ ပူးပေါင်း ထုတ်လုပ်ထားတာပါ။ Apple ဟာ ကိုဗစ်ကာလ အစောပိုင်းမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေအတွက် Face Shield တွေကို ဖန်တီးပေးခဲ့ပါတယ်။

Apple က Face Mask ကို iPhone , iPad တွေ ဒီဇိုင်းထုတ်တဲ့ အင်ဂျင်နီယာ အဖွဲ့က ဖန်တီးထားတာလို့ ပြောပါတယ်။ အမှုန်အမွှားတွေကို ကာကွယ်ပေးတဲ့ အလွှာ ၃ ခုနဲ့ တည်ဆောက်ထားပြီး ၅ ခါလောက် ရေလျှော် ပြန်သုံးနိုင်ပါတယ်။ ဒီဇိုင်းက ဆန်းပြီး ဝတ်ဆင်သူရဲ့ နှာခေါင်း အထက်ကို တော်တော် ဖုံးနေသလို မေးစေ့အောက်ကိုလည်း တော်တော် ဖုံးနေပါတယ်။ အံဝင်ခွင်ကျဖြစ်အောင် ကြိုးကို ချိန်ညှိနိုင်တာကလည်း မိုက်ပါတယ်။ နောက် ၂ ပတ်အတွင်း ဝန်ထမ်းတွေအတွက် Apple Face Mask တွေ ပေးပို့မှာပါ။

ClearMask ဟာ FDA အသိအမှတ်ပြု ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ Surgical Mask ဖြစ်တယ်လို့ Apple က ပြောပါတယ်။ Mask ဝတ်ဆင်ထားသူတွေရဲ့ မျက်နှာ ၁ ခုလုံးကို မြင်ရတဲ့အတွက် သူတို့ပြောတဲ့ စကားတွေကို နားမကြားသူတွေ ၊ အကြားအာရုံ မကောင်းသူတွေဟာ  ပိုနားလည်နိုင်ပါတယ်။ ဝါရှင်တန် အခြေစိုက် Gallaudet တက္ကသိုလ်နဲ့ Apple ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပြီး အဲဒီ တက္ကသိုလ်ဟာ နားမကြားသူနဲ့ အကြားအာရုံ မကောင်းသူတွေကို ပညာသင်ကြားပေးနေတာပါ။ Apple ဟာ စတိုး ၃ ခုမှာ ဝန်ထမ်းတွေနဲ့ အဲဒီ Mask ကို စမ်းသပ်ခဲ့ပြီးပြီ ဖြစ်ပြီး ဒီလို အကြည် Mask ကို ဖန်တီးဖို့ စီစဉ်နေပါတယ်။

Ref : bloomberg