Apple ဟာ လက်ရှိအချိန်မှာ သူ့ရဲ့ Device အမျိုးအစား နှစ်ခုဖြစ်တဲ့ iPhone တွေနဲ့ Watch တွေမှာ OLED display တွေကို အသုံးပြုထားပါတယ်။ မကြာခင်အချိန်အတောအတွင်း iPad နဲ့ MacBook တွေမှာလည်း OLED panel တွေ စတင်ပြီးအသုံးပြုလာမှာ ဖြစ်ပါတယ်။

Apple ရဲ့ Device အတွက် OLED panel တွေကို အဓိကအားဖြင့် ပေးသွင်းသူဟာ Samsung Display ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Apple ဆီကနေ လုပ်ငန်းအများအပြားကို ရယူထားတာ ဖြစ်ပါတယ်။ Bloomberg ရဲ့ အစီရင်ခံစာအရ Apple ဟာ ပြင်ပကုမ္ပဏီ Supplier တွေအပေါ် မှီခိုအားထားရမှု လျှော့ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အဖြစ် In-house Display တွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

Apple ရဲ့ In-house display ဟာ Micro LED နည်းပညာကို အခြေခံထားမှာဖြစ်ပြီး Cupertino အခြေစိုက်နည်းပညာကုမ္ပဏီကြီးဟာ အဆိုပါ Display တွေကို သူတို့ကိုယ်တိုင် လုံးလုံးလျားလျား ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေကိုလည်း ပုံဖော်မယ်လို့ သိရပါတယ်။ ဒါကြောင့် Apple ရဲ့ In-house Micro LED ဖွံ့ဖြိုးမှုဟာ လုပ်ငန်းအများအပြား ရယူထားတဲ့ Samsung အတွက် သတင်းဆိုးလားလို့ မေးချင်စရာဖြစ်လာပါတယ်။

အမှန်တကယ်တမ်းတော့ သတင်းဆိုးဟာ Samsung အတွက်မဟုတ်ဘဲ LG အတွက် ဖြစ်နေပါတယ်။ သတင်းတွေအရ Samsung ဟာ Apple Watches အတွက် OLED panel တွေလုပ်ပေးခဲ့ဖူးပေမဲ့ အခုအချိန်မှာ မလုပ်ပေးတော့ဘူးလို့လည်း သိရပါတယ်။ နောက်ဆုံးမှာတော့ Apple ဟာ iPads, MacBooks နဲ့ iMacs တွေအပါအဝင် iPhone တွေနဲ့ အခြားထုတ်ကုန်တွေကို ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားတဲ့ Micro LED display တွေ သုံးဖို့ စီစဉ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Apple ဟာ သူ့ရဲ့ Micro LED display တွေရရှိဖို့ ပြင်ပကပေးသွင်းသူတွေအပေါ် အားကိုးဖို့ လိုအပ်နေပါသေးတယ်။ ဒါ့အပြင် အမြောက်အများထုတ်လုပ်မှုအတွက်လည်း LG Display နဲ့ Samsung Display အပါအဝင် ပြင်ပကုမ္ပဏီတွေရဲ့ ပူးပေါင်းမှုကို ယူရဦးမှာ ဖြစ်ပါတယ်။

ဒါဆိုရင် Samsung Display အနေနဲ့ Apple အတွက် Micro LED panel တွေ ထောက်ပံ့ပေးနိုင်ခြေရှိနေပါသေးတယ်။ တစ်ဖက်မှာတော့ Samsung Display ဟာ သူ့ရဲ့ TVs တွေလို အရွယ်အစားကြီးမားတဲ့ Micro LED panel တွေကိုပဲ ထုတ်လုပ်နေတာပါ။ ဒါကြောင့် သေးငယ်တဲ့ Micro LED panel တွေကိုရော ထုတ်လုပ်မလား၊ မထုတ်လုပ်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း မူတည်နေပါသေးတယ်။ အကယ်၍ မထုတ်လုပ်ဘူးဆိုရင်တော့ Apple ဆီကရလာမဲ့ အလုပ်အတော်များများကို လက်လွှတ်ဆုံးရှုံးခံရမှာ ဖြစ်ပါတယ်။

Ref: sammobile