Apple ဟာ ဒီနှစ်မှာ iPad အလုံးရေ သန်း ၆၀ လောက် ရောင်းချနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ Covid-19 ကပ်ရောဂါရှိပေမယ့်လည်း ပြီးခဲ့တဲ့ ၁ နှစ်အတွင်း iPad ရောင်းအား တက်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း Apple က ရောင်းအား ဆက်တက်ဖို့ မျှော်မှန်းထားတယ်လို့ အခု သတင်းက သက်သေပြနေပါတယ်။

Apple

DigiTimes က အခုသတင်းကို ပေးလိုက်တာ ဖြစ်ပြီး Apple ဟာ လာမယ့်လမှာ 9th Generation iPad တွေကို ကြေညာဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းလည်း ထွက်နေပါတယ်။ Apple iPad တွေဟာ ၂၀၂၁ ခုနှစ်ထဲမှာ ရောင်းအားလန်းနေပြီး အရင်နှစ်ကထက် တိုးတက်လာနေပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကလည်း iPad ရောင်းအားဟာ ကွာတားတိုင်း တောက်လျှောက်တက်လာခဲ့ပြီး အရင်နှစ်ကထက် ၇၉ ရာခိုင်နှုန်းတောင် များခဲ့တာက အံ့မခန်း ရောင်းအားလို့ ပြောရမှာပါ။

History Of iPad | Complete List Of iPads Ever Existed

လာမယ့် လကြေညာမယ့် 9th Generation iPad တွေမှာ တိုးတက်ပြောင်းလဲမှုတွေ ပါလာမှာ သေချာပါတယ်။ Apple ဒီနှစ် ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားတဲ့ iPad အလုံးရေ သန်း ၆၀ ထဲမှာ ၂၀၂၁ ခုနှစ်ထုတ် iPad mini လည်း ပါလာမှာဖြစ်ပြီး အဲဒီ မော်ဒယ်ဟာ ပထမမျိုးဆက် မော်ဒယ်ထက် ဒီဇိုင်းအပိုင်းမှာ လုံးဝ ပြောင်းလဲထားတာပါ။

iPad mini အသစ်မှာ iPad Pro ဒီဇိုင်းကို ပြောင်းလဲ အသုံးပြုထားမှာ ဖြစ်ပြီး ပါးလွှာတဲ့ မျက်နှာပြင်ဘေးဘောင်နဲ့ အနောက်ဘက် အလူမီနီယမ် ကိုယ်ထည်ပါလာမယ်လို့ သတင်းပေါက်ကြားနေပါတယ်။ ဒါ့အပြင် Power ခလုတ်မှာ Touch ID ကို မြှပ်နှံထားမယ်လို့ သိရပါတယ်။

ref : gizmochina