Apple က အဓိက လုံခြုံရေး ဟာကွက်နဲ့ ပတ်သက်ပြီး iPhone နဲ့ iPad User တွေကို သတိပေးလိုက်ပါတယ်။ အဲဒီ လုံခြုံရေးဟာကွက်ကို CVE-2025-24200 လို့ အမည်ပေးထားပြီး ဟက်ကာတွေက အဓိက လုံခြုံရေးတွေကို ကျော်လွှားနိုင်ပါတယ်။ အဲဒီ လုံခြုံရေးဟာကွက်ကို တိုက်ခိုက်မှုတွေကို တွေ့ခဲ့ရပြီး ဖုန်းရဲ့ USB-C သို့မဟုတ် Lightning Port ကနေ အခွင့်မရှိဘဲ ဒေတာတွေ ကူးပြောင်းနိုင်တာကို ပိတ်ပင်ထားတဲ့ Feature တစ်ခု ဖြစ်တဲ့ USB Restricted Mode ကို ဟက်ကာတွေက ပိတ်နိုင်တာ ဖြစ်ပါတယ်။
Apple က ဒီပြဿနာကို ဖြေရှင်းဖို့ iOS 18.3.1 နဲ့ iPadOS 18.3.1 ကို ဖြန့်ချိပေးလိုက်ပြီး Update ကို အမြန်ဆုံး ထည့်သွင်းဖို့ သုံးစွဲသူတွေကို တိုက်တွန်းလိုက်ပါတယ်။ လုံခြုံရေး ပညာရှင်တွေက အဲဒီ လုံခြုံရေးဟာကွက်ကို ဟက်ကာတွေက တိုက်ခိုက်ပြီး Admin Access ကို အပြည့်အဝ ရသွားနိုင်တဲ့အတွက် အလွန် အန္တရာယ်များတယ်လို့ ပြောပါတယ်။ အဲဒီ ပြဿနာကို လုံခြုံရေး ဟာကွက်တွေကို ဖော်ထုတ်ပေးနေတဲ့ The Citizen Lab က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Apple က တိုက်ခိုက်မှု အသေးစိတ်ကို မပြောသေးပေမယ့် Update ကို အမြန်တင်ဖို့ တိုက်တွန်းထားပါတယ်။ User တွေဟာ သူတို့ရဲ့ ဒေတာတွေကို ကာကွယ်ဖို့ နောက်ဆုံး Update ကို အမြန်ဆုံး အင်စတော လုပ်ထားသင့်ပါတယ်။
Ref : Tech Explorers