[Zawgyi]

Apple ဟာ Apple Watch Series 2 နဲ႔ Series 3 အလူမီနီယံအမ်ိဳးအစားေတြအတြက္ မ်က္ႏွာျပင္အစားထိုးေပးတဲ့ အစီအစဥ္ကို အစျပဳေနၿပီလို႔ သိရပါတယ္။ အေၾကာင္းရင္းကေတာ့ ဒီအလူမီနီယံအမ်ိဳးအစားေတြရဲ႕ မ်က္ႏွာျပင္ေတြဟာ အလြယ္တကူ ကြဲအက္တဲ့ျပႆနာေတြ ရွိလာလို႔ပဲ ျဖစ္ပါတယ္။

မ်က္ႏွာျပင္အက္ကြဲမႈဟာ အစြန္းဖ်ားေလးေတြကအစျပဳေလ့ရွိၿပီး မ်က္ႏွာျပင္တစ္ခုလုံးဆီ ေတာက္ေလွ်ာက္လိုက္သြားတာမ်ိဳး ျဖစ္ပါတယ္။ ေထာင့္တစ္ေထာင့္ကေန စလိုက္တဲ့အက္ေၾကာင္းက မ်က္ႏွာျပင္တစ္ခုလုံးဆီ ပ်ံ႕ႏွံ႔သြားတဲ့ ျပႆနာအတြက္ အသင့္ေတာ္ဆုံးေျဖရွင္းမႈက မ်က္ႏွာျပင္တစ္ခုလုံးကို အစားထိုးလဲလွယ္လိုက္ဖို႔ပဲ ျဖစ္ပါတယ္။

မ်က္ႏွာျပင္ ျပန္လည္လဲလွယ္ေရးအစီအစဥ္မွာ Apple Watch Series 2 နဲ႔ Series 3 က 38mm အျပင္ 42mm လည္း ပါဝင္တယ္လို႔ သိရပါတယ္။ GPS သက္သက္ အျပင္ GPS+ cellular အမ်ိဳးအစားလည္းပါဝင္သလို၊ Nike+ အမ်ိဳးအစားလည္း ပါဝင္ပါတာကို ေတြ႕ရပါတယ္။

ရွင္းရွင္းလင္းလင္း မသိရေသးတဲ့အခ်က္ကေတာ့ အက္ကြဲမႈဟာ ဘာေၾကာင့္ျဖစ္ရတာလဲဆိုတာနဲ႔ ဘယ္လိုအေျခအေနမ်ိဳးမွာ ျဖစ္တတ္သလဲဆိုတာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ Apple ကေတာ့ သတ္မွတ္ထားတဲ့ အမ်ိဳးအစားေတြကို အခမဲ့ မ်က္ႏွာျပင္လဲလွယ္ေပးမွာပါ။ ဒါေပမယ့္ နာရီရဲ႕ အာမခံကာလကိုေတာ့ တိုးေပးမွာမဟုတ္ဘဲ မူလအတိုင္း ထားရွိမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Watch Series 2 နဲ့ 3 ရဲ့ အလူမီနီယံ အမျိုးအစားတွေအတွက် မျက်နှာပြင် အစားထိုးပေးခြင်း အစီအစဉ်ကို စတင်လိုက်တဲ့ Apple

Apple ဟာ Apple Watch Series 2 နဲ့ Series 3  အလူမီနီယံအမျိုးအစားတွေအတွက် မျက်နှာပြင်အစားထိုးပေးတဲ့ အစီအစဉ်ကို အစပြုနေပြီလို့ သိရပါတယ်။ အကြောင်းရင်းကတော့ ဒီအလူမီနီယံအမျိုးအစားတွေရဲ့ မျက်နှာပြင်တွေဟာ အလွယ်တကူ ကွဲအက်တဲ့ပြဿနာတွေ ရှိလာလို့ပဲ ဖြစ်ပါတယ်။

မျက်နှာပြင်အက်ကွဲမှုဟာ အစွန်းဖျားလေးတွေကအစပြုလေ့ရှိပြီး မျက်နှာပြင်တစ်ခုလုံးဆီ တောက်လျှောက်လိုက်သွားတာမျိုး ဖြစ်ပါတယ်။ ထောင့်တစ်ထောင့်ကနေ စလိုက်တဲ့အက်ကြောင်းက မျက်နှာပြင်တစ်ခုလုံးဆီ ပျံ့နှံ့သွားတဲ့ ပြဿနာအတွက် အသင့်တော်ဆုံးဖြေရှင်းမှုက မျက်နှာပြင်တစ်ခုလုံးကို အစားထိုးလဲလှယ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

မျက်နှာပြင် ပြန်လည်လဲလှယ်ရေးအစီအစဉ်မှာ Apple Watch Series 2 နဲ့ Series 3 က 38mm အပြင် 42mm လည်း ပါဝင်တယ်လို့ သိရပါတယ်။ GPS သက်သက် အပြင် GPS+ cellular အမျိုးအစားလည်းပါဝင်သလို၊ Nike+ အမျိုးအစားလည်း ပါဝင်ပါတာကို တွေ့ရပါတယ်။

ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အချက်ကတော့ အက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်သလဲဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Apple ကတော့ သတ်မှတ်ထားတဲ့ အမျိုးအစားတွေကို အခမဲ့ မျက်နှာပြင်လဲလှယ်ပေးမှာပါ။ ဒါပေမယ့် နာရီရဲ့ အာမခံကာလကိုတော့ တိုးပေးမှာမဟုတ်ဘဲ မူလအတိုင်း ထားရှိမှာ ဖြစ်ပါတယ်။

Ref: GSM Arena