Apple က iOS 18.1 ရဲ့ ပထမဆုံး Developer Beta ကို ဖြန့်ချိပေးလိုက်ပြီး ပထမဆုံး Apple Intelligence Feature တွေ ပါဝင်လာပါတယ်။ iOS 18.1 ကို လက်ရှိမှာ စမ်းသပ်နေပြီး စက်တင်ဘာလမှာ ထွက်ရှိလာနိုင်ပါတယ်။ iOS 18.1 ဟာ iOS 18 ရဲ့ အဓိက Update ဖြစ်လာမှာပါ။

Apple Intelligence launches with iOS 18.1 beta, includes call recording and transcribing

Apple ဟာ iOS 18.1 နဲ့ iPadOS 18.1 ရဲ့ ပထမဆုံး Beta မှာ Apple Intelligence ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ Feature  ကို On ဖို့အတွက် Settings ထဲက Waitlist မှာ စာရင်းပေးသွင်းထားရမှာပါ။

Apple Intelligence launches with iOS 18.1 beta, includes call recording and transcribing

Writing Tools က Spelling နဲ့ Grammer ကို စစ်ဆေးပေးနိုင်ပြီး Messages ၊ Notes ၊ Mail ၊ Pages နဲ့ တခြား App တွေမှာ စာသားတွေကို အကျဉ်းချုပ်ပေးနိုင်ပါတယ်။ Phone Call တွေကို အသံဖမ်းတာနဲ့ စာသားအဖြစ် ပြောင်းပေးနိုင်ပါတယ်။ ဖုန်းပြောနေတဲ့ အချိန်မှာ ဘယ်ဘက်ထိပ်မှ Record Button ကို နှိပ်ရင် ဖုန်းပြောနေတဲ့ လူ ၂ ယောက်ဟာ အသံဖမ်းနေတဲ့အကြောင်း အသံ Message ကို ကြားရမှာပါ။

အဲဒီနောက်မှာ Phone Call ကို အသံဖမ်းထားတဲ့ စာသားကို Notes App မှာ သိမ်းဆည်းပေးမှာပါ။ ဖုန်းပြောပြီးရင် အသံဖိုင်ကို ပြန်လည် နားထောင်နိုင်ပြီး မှတ်သားထားတဲ့ စာသားကို ဖတ်နိုင်ပါတယ်။ အသံဖမ်းထားတဲ့ စာသားကို အကျဉ်းချုပ် ပေးနိုင်ပါတယ်။

Apple Intelligence launches with iOS 18.1 beta, includes call recording and transcribing

iOS 18.1 Public Beta ကို လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

ref : gsmarena