Apple ကနေ လာမယ့်စက်တင်ဘာလအတွင်းမှာ iPad Air အသစ်အပြင် တခြားသော Product တွေကိုပါ မိတ်ဆက်သွားတေ့ာမှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း ဒီ iPad Air အသစ်ရဲ့ Feature တစ်ခုက ပေါက်ကြားလာခဲ့ပါပြီ။

ဒါကတော့ Apple ရဲ့ iPad Air အသစ်မှာ ယခင်တုန်းကလိုမျိုး Touch ID ကို Home Key အနေနဲ့ ထားရှိတော့မှာမဟုတ်ဘဲ ဘေးဘက် Power Button မှာထည့်သွင်းလာမှာပဲဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ Apple iPad Air အသစ်ရဲ့ Manual ဖော်ပြထားခဲ့တာဖြစ်တဲ့အတွက် သေချာနေပြီလို့တောင် ပြောနိုင်ပါတယ်။

iPad Air အသစ်ဟာ Design ပိုင်းအနေနဲ့ကတော့ လက်ရှိ iPad Pro 11″ နဲ့ဆင်တူပြီးတော့ ဘေးဘောင်တွေက သိသိသာသာကို ပိုပါးလွှာနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Camera ပိုင်းအနေနဲ့ကတော့ Single Camera ကိုပဲ အသုံးပြုထားဦးမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် iPad Air အသစ်ဟာ Apple Device တွေထဲမှာ ပထမဆုံးအနေနဲ့ Touch ID ကို ဘေးဘက် Power Button မှာထည့်သွင်းထားတဲ့ Device တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ Apple အနေနဲ့ အခုလိုမျိုး ဆောင်ရွက်လိုက်တာကလည်း iPad Pro တွေလိုမျိုး Face ID စနစ်ကို မထည့်သွင်းပေးချင်တာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple iPad Air အသစ်ဟာ A13 Bionic Chip အပြင် TouchPad ပါဝင်တဲ့ Keyboard နဲ့ 2nd Gen Apple Pencil တွေကို Support ပြုလုပ်လာမှာဖြစ်တဲ့အတွက် လက်ရှိ iPad Air ထက်တော့ သိသိသာသာကို ပိုကောင်းလာမှာပါ။

Ref – GSM Arena