Apple ဟာ ထုတ်ကုန် အသစ်တွေကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး တချို့ကို အတွင်းပိုင်း အစိတ်အပိုင်းတွေပဲ ပြောင်းလဲကာ ရောင်းချနေသလို တချို့ကိုလည်း ဒီဇိုင်း ဆန်းသစ်ကာ ရောင်းချနေကြပါတယ်။ အခုလည်း Apple နောက်ထုတ်မယ့် iPad Mini 6 ရဲ့ ဓါတ်ပုံ ပေါက်ကြားထွက်ပေါ်လာပြီး ဒီဇိုင်း အသစ် သုံးထားတာ မြင်ရပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေလည်း ပါလာပါတယ်။

Apple iPad Mini 6 Render Leak

Apple iPad Mini 6 ရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံကို မျှဝေလိုက်တာက David Kowalski ဖြစ်ပြီး သူက iPad Mini 6 မှာ မျက်နှာပြင်အောက် Touch ID လက်ဗွေရာ ကိရိယာမြှပ်နှံထားမယ်လို့ ပြောပါတယ်။ ဓါတ်ပုံမှာတော့ Touch ID ရဲ့ တည်နေရာကို Cutout နဲ့ သရုပ်ဖော်ပြသထားပါတယ်။

iPad Mini 6 leak sounds almost too good to be true

နောက်ထပ် လုပ်ဆောင်ချက်က ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားတာပါ။ အဲဒီအတွက် မျက်နှာပြင်ဘေးဘောင်တွေ ပါးလွှာကာ Full Screen ဒီဇိုင်းက မိုက်ပါတယ်။

အရင်ကတော့ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က iPad Mini 6 မှာ ၉.၁ လက်မ မျက်နှာပြင် ပါလာမယ်လို့ သတင်းပေးထားပါတယ်။ အရင်မျိုးဆက် iPad Mini Series တွေထက် မျက်နှာပြင် အရွယ်အစား ပိုကြီးလာမှာပါ။

iPad Mini 6 မှာ Apple A14 Chipset မောင်းနှင်ထားနိုင်ပြီး iPhone 12 Series က Chip တွေ ဖြစ်ပါတယ်။ တက်ဘလက် အသစ်ကို မတ်လမှာ iPad Pro 2021 , iPhone SE 2021 တို့နဲ့အတူ ကြေညာနိုင်ပါတယ်။

ref : gizmochina