Apple က iPhone 12 Series တွေကို ပူပူနွေးနွေး ကြေညာထားပြီး အခုတော့ iPhone 12 နဲ့ 12 Pro ကို AnTuTu မှာ တွေ့လာရပါပြီ။ iPhone ၂ လုံးစလုံးမှာ 5nm A14 Bionic Chip ထည့်သွင်းထားပြီး AnTuTu က ရမှတ်တွေအရ စွမ်းရည်မြင့် Android ဖုန်း အများစုမှာ ထည့်ထားတဲ့ Snapdragon 865 ကို မယှဉ်နိုင်တာတွေ့ရပါတယ်။

iPhone 12 ၂ လုံးစလုံးရဲ့ GPU , CPU , Memory နဲ့ User Interface တို့ စုစုပေါင်း ရမှတ်ဟာ ၅၇၀,၀၀၀ ဝန်းကျင်ပဲ ရှိတာက အထင်ကြီးစရာ သိပ်မရှိပါဘူး။ Xiaomi ရဲ့ ဖုန်း ၁ လုံးတောင် ၆၈၇,၀၀၀ ရထားပြီး iPhone ၂ လုံးဟာ ၆၀၀,၀၀၀ တောင် မရထားပါဘူး။ Category ၄ ခုစလုံးမှာ အားနည်းနေပါတယ်။ အကြီးမားဆုံး အားနည်းချက်က GPU ဖြစ်ပြီး Xiaomi ဖုန်းက ၂၉၂,၇၀၄ မှတ်နဲ့ iPhone 12 က  ၂၀၁,၀၈၅ ပဲရထားပါတယ်။  တခြား Category အကြောင်း ပြောရရင် စွမ်းဆောင်ရည် အပိုင်းမှာ ၁၀ ရာခိုင်နှုန်း ၊ Memory အပိုင်းမှာ ၆ ရာခိုင်နှုန်း အားနည်းပါတယ်။

ဒါပေမယ့် Apple iPhone တွေနဲ့ Android ဖုန်းတွေကို ဒီလို နှိုင်းယှဉ်ကြည့်တာ မမျှတပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဖုန်းတွေဟာ စွမ်းအား အရင်းအမြစ်တွေကို အသုံးချပုံချင်း မတူကြပါဘူး။ iPhone တွေဟာ တစ်မူကွဲပြားနေပါတယ်။ A14 ကို အရင်မျိုးဆက် 7nm A13 Bionic Chip နဲ့ နှိုင်းယှဉ်ကြည့်မှ မျှတမှာပါ။ AnTuTu 8 မှာ iPhone 11 Pro Max ဟာ ၅၃၆,၈၈၃ မှတ်ရထားတဲ့အတွက် iPhone 12 ၂ လုံးဟာ ၅ နဲ့ ၆ ရာခိုင်နှုန်းလောက် ပိုများနေပါတယ်။

စမတ်ဖုန်းတွေ အကြောင်းပြောရင် Chipset ကိုပဲ ပြောလို့ မရပါဘူး။ User Experience ကိုလည်း ထည့်သွင်း စဉ်းစားရမှာပါ။ iPhone 12 Series တွေရဲ့ Review တွေ ထွက်လာမှပဲ စွမ်းဆောင်ရည်တွေကို လေ့လာနိုင်မှာပါ။

Ref : gsmarena