iPhone 12 Series တွေကို စတင်ရောင်းချပေးနေပြီ ဖြစ်တဲ့အတွက် DisplayMate လက်ထဲကို ရောက်လာပါပြီ။ DisplayMate က iPhone 12 Pro Max ရဲ့ ၆.၇ လက်မ Super Retina XDR OLED Panel ကို Full Review ပြုလုပ်ပေးလိုက်ပြီး ဂုဏ်ထူးမှတ်နဲ့ အောင်မြင်သွားပါတယ်။

အဲဒီဖုန်းဟာ ထွက်ဖူးသမျှ iPhone ထဲမှာ မျက်နှာပြင် အရွယ်အစား အကြီးမားဆုံးပါ။ DisplayMate ရဲ့ စမ်းသပ်ချက်မှာ စွမ်းဆောင်ရည် စံချိန် များစွာကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။ အမြင့်ဆုံး ဖြစ်တဲ့ A+ Rating ရသွားပြီး Color Accuracy ဟာ 0.9 JNCD ရှိပါတယ်။ Image Contrast Accuracy နဲ့ Intensity Scale Accuracy တွေဟာလည်း အမြင့်မားဆုံး အရည်အသွေးကို ရရှိထားပါတယ်။

iPhone 12 Pro Max ရဲ့ XDR OLED မျက်နှာပြင်ဟာ 825 nits နဲ့ အမြင့်မားဆုံး Screen Brightness စံချိန်ကို တင်နိုင်ခဲ့ပါတယ်။ HDR Content ကတော့ 1,200 nits အထိ ရှိပါတယ်။ မျက်နှာပြင်ဟာ Screen Reflectance အပိုင်းမှာ ၄.၈ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံး ဖြစ်နေပြီး 30-degree Angle ကနေ ကြည့်ရင် Viewing Angle ဟာ ၂၇ ရာခိုင်နှုန်း ရှိပါတယ်။

iPhone 12 Pro Max ရဲ့ မျက်နှာပြင် စွမ်းဆောင်ရည် စံချိန် ၁၂ ခုကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Highest Absolute Color Accuracy (0.9 JNCD) – Visually Indistinguishable From Perfect.
  • Highest Image Contrast Accuracy and Intensity Scale Accuracy (2.19 Gamma) – Visually Indistinguishable From Perfect.
  • Smallest Shift in Color Accuracy and Intensity Scale with the Image Content APL (0.2 JNCD) – Visually Indistinguishable From Perfect.
  • Smallest Shift in Image Contrast and Intensity Scale with the Image Content APL (0.00 Gamma) – Visually Indistinguishable From Perfect.
  • Smallest Change in Peak Luminance with the Image Content Average Picture Level APL (1 percent) – Visually Indistinguishable From Perfect.
  • Highest Full Screen Brightness for OLED Smartphones (825 nits for 100% APL).
  • Highest Full Screen Contrast Rating in Ambient Light (172 at 100% APL).
  • Highest Contrast Ratio (Infinite).
  • Lowest Screen Reflectance (4.8 percent).
  • Smallest Brightness Variation with Viewing Angle (27% at 30 degrees).
  • Highest Visible Screen Resolution 2.8K (2778×1284) – 4K Does Not appear visually sharper on a Smartphone.

Ref : gsmarena