နောက်ပိုင်းထုတ် iPhone မျိုးဆက်တွေမှာ Wireless Charging ပါလာပေမယ့် ၂၀၂၀ ခုနှစ်ထုတ် iPhone 12 Series က ဒီထက် ပိုလန်းလာတော့မှာ ဖြစ်ပါတယ်။ Apple ဟာ Magnetic Positioning ပါတဲ့ ပထမဆုံး iPhone ကို မိတ်ဆက်ဖို့ စီစဉ်နေပြီး အရမ်း အားကောင်းတဲ့ သံလိုက်ဟာ Charging Pad ပေါ်မှာ အနေအထားမှန်တဲ့ နေရာရောက်အောင် ဖုန်းကို ရွှေ့ပေးနိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ Magnetic Positioning ပါတဲ့ ပထမဆုံး ဖုန်းဟာ iPhone 12 Series ဖြစ်မယ်လို့ သိရပြီး နောက်လမှာ ကြေညာနိုင်ပါတယ်။ ဝီဘိုမှာ ထွက်ပေါ်လာတဲ့ Magnetic Molds မှာ ကင်မရာ၊ အသံနဲ့ ပါဝါ ခလုတ်တွေ အပါအဝင် တခြား အစိတ်အပိုင်းတွေကိုပါ မြင်ရပါတယ်။

အဲဒီ နည်းပညာ အသစ်မှာ အလုပ်ကောင်းကောင်းလုပ်ဖို့ Compatible Charger ၁ ခု လိုအပ်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက် Apple ဟာ Air Power Project မအောင်မြင်ပြီးနောက်မှာ တရားဝင် Wireless Charger ၁ ခုကို ရောင်းချနိုင်တော့မယ်လို့ထင်ပါတယ်။

Ref : gsmarena